Uni
=======
#ကျုပ်ကဆရာကြီး
ဘာသာပြန်သူ - တင်အောင်ခိုင်
အခန်း ၅၄
(နေရာတိုင်းမှာ ရတနာ နဲ့ လျိုဝှက်ချက်တွေ ရှိတယ်လားလျိုရှီယူ နှင့် ချင်မင်ယွင် တို့ မှာ ကောင်းကင် နှင့် မြေပြင် အား ယှဉ်ပြိုင်နိုင်သည့် အဆင့် မဟုတ်ကြောင်း ထူပူပြီးနောက် နားလည်သွားခဲ့သည်။ ၄င်းက ကိုယ့်ကိုယ်ကိုယ် သတ်သေနေသလိုပင်။
၄င်းက ကောင်းကင် နှင့် မြေပြင်ကြားရှိ အရာရာတိုင်း ဖြစ်ပြီး သူတို့ အား အလွယ်တကူ ခြေမွသွားနိုင်သည်။
လီနင်းဖန် ကဲ့သို့ လူမျိုးသာ ထို အရာအား ကိုင်တွယ်ထိန်းချုပ်နိုင်စွမ်း ရှိ၏။ ၄င်းက လူတိုင်းအား မနာလိုဖြစ်စေလောက်သည်။
ထိုကဲ့သို့သော အရာမျိုးအား ကြုံတွေ့ခွင့် ရသည်မှာ သူမတို့ ကံကောင်းလွန်းလှသည်။
လျိုရှီယူ၏ မျက်နှာတစ်ပြင်လုံး နီရဲနေကာ ကြီးစွာသော ဖိအားအောက်၌ နစ်မြုပ်နေလေသည်။ ထိုအရာ နှင့် ယှဉ်သော် သူမကိုယ်သူမ ဖုန်မှုန်လေးအလား ခံစားနေရ၏။
သူမ ကောင်းကောင်းပင် မရပ်နိုင်တော့ချေ။ သတိလစ်လုနီးပါး ဖြစ်ပြီးမှ ကစားပွဲအား အရှုံးပေးလိုက်ရသည်။
သူမ သတိရလာသည်တွင် စစ်တုရင် ခုံအား ကြည့်လိုက်၏။ ခြောက်ကွက်သာ ရွေ့ရသေးပြီး လုံးဝ ရှုံးနိမ့်သွားတော့သည်။
မယုံကြည်နိုင်စရာပဲ
လီနင်းဖန် စိတ်ဓာတ်ကျသွားသည်။ သည်တစ်ယောက်မှာ ကိုယ့်ကိုယ်ကိုယ် မြှောက်ပင့်လွန်းပြီး ပိုမို ဆိုးရွားနေလေသည်။
ချင်မင်ယွင်မှာ ကစားပွဲ၏ စည်းမျဉ်းများကို သိသည့် လူသစ်လေး ဖြစ်နေသေးသည်။ လျိုရှီယူသည်တော့ လုံးဝ မျက်ကန်းတစ်ယောက်ပင်။ သူမ ရွေ့ကွက်များက ကျပန်းဆန်ပြီး တုံးအလွန်းလှသည်။
သူ လျိုရှီယူ အား မယုံကြည်နိုင်စွာ ကြည့်လိုက်၏။ ကိုယ့်ကိုယ်ကိုယ် တော်လှသည်ဟု ပြောနိုင်လောက်အောင် မည်သည့် တိုက်ဆိုင်မှုတို့ ဖြစ်ခဲ့သနည်း။
အင်းသူမ အတွက် မျှော်လင့်ချက် မရှိတော့ဘူးပဲမင်းသမီးလေး ဖြစ်တာကြောင့် အားလုံးက အရှုံးပေးနေကြတယ် ထင်တယ်..
![](https://img.wattpad.com/cover/286838737-288-k994032.jpg)
YOU ARE READING
ကျုပ်ကဆရာကြီး(1-ongoing)
Adventure(Im Actually a Cultivation Bigshot) Action, Advanture, Fantasy, Comedy မူရင်းစာရေးဆရာ - Kinoshita Nakui ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင် Fb page name=Webnovel myanmar translation လီနင်းဖန် သည် သေမျိုးကမ္ဘာ မှ ကျင့်ကြံခြင်း ကမ္ဘာဆီသို့ ကူးပြောင်းရော...