265+266+267+268

1K 113 1
                                    

ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အခန်း ၂၆၅
(သေစေချင်နေတာလား)

အချိန် မှာ တစ်ရွေ့ရွေ့နှင့် ကုန်လွန်လာခဲ့သည်။ သို့နှင့်တစ်ဖန် ညအချိန်သို့ ရောက်လာခဲ့ပြန်သည်။

လီနင်းဖန်သည် အခန်းအတွင်း အနားယူနေသည်။ သူအိပ်ပျော်သွား၍ မဖြစ်ပေ။ အကြောင်းမှာ ထိုသူတို့ ယနေ့ည ရောက်လာမည်ကို စောင့်နေရသောကြောင့် ဖြစ်သည်။

ဒေါက်...ဒေါက်... ဒေါက်

မျှော်နေသည့်အတိုင်းပင် တံခါးမကြီးဆီမှ တံခါးခေါက်သံကို ကြားလိုက်ရသည်။ မကြာမီ ချင်မင်ယွင်၏
သခင်လေး လီ၊ အိပ်ပျော်နေပြီလားဟူသော  အသံသဲ့သဲ့ အား ကြားရပေသည်။

မအိပ်သေးဘူး လီနင်းဖန်တံခါးကို ဆွဲဖွင့်လိုက်သည်။ ရောက်လာပြီလား

ဟုတ်ကဲ့ ကျွန်တော်တို့ရောက်ပါပြီ... ကုန်းပတ်ပေါ်တစ်ချက်လောက်တက်ကြည့်ပါဦးလား...

ချင်မင်ယွင်မှာ ဆရာကြီးနှင့် အတူတူ ရှိလာခဲ့သည်မှာ ကြာပြီဖြစ်သဖြင့် ဆရာကြီး၏ အတွေးများကို နားလည်
စ ပြုလာခဲ့ပြီ ဖြစ်သည်။ သူသည်ဘ၀ကို အပန်းဖြေ ခရီးထွက်ရသည်လို ပေါ့ပေါ့ပါးပါး နေထိုင်သည်။ တောတောင် ရှုခင်းတို့ကိုကြည့်ရင်း အေးချမ်းစွာ နေထိုင်ရသည်ကို ခုံမင်နှစ်သက်သည်။

လီနင်းဖန်က ပြုံးလျက် ရောက်နေမှတော့ သွားကြတာပေါ့...

ပြောရင်းဆိုရင်းပင် အခန်းထဲမှ ကုန်းပတ်ပေါ်သို့ ထွက်သွားလေသည်။ လျောင်မန်ကျိ နှင့်ကျန်သူတို့မှာမူ သူ့ကို
ကုန်းပတ်ပေါ်တွင် ရပ်စောင့်နေကြ၏။ သခင်လေးလီ..... ယဉ်ကျေးစွာ နှုတ်ဆက်ကြသည်။

သူတို့မှာ အလွန်အမင်းစိတ်လှုပ်ရှားနေကြသည်။ နံနက်ခင်းက ဝိုင်အရက်သည် သူတို့ကို အဆင့်တက်အောင်
ကူညီပေးလိုက်သည်။ ဆရာကြီးက သူတို့အပေါ်တွင် ကြင်နာလွန်းလှသည်။ ထိုကြင်နာမှုနှင့် ထိုက်တန်အောင်
သူတို့ ဘာတွေများ ပြုလုပ်ခဲ့ပြီးပြီနည်း။

ထိုအချိန်တွင် သူတို့အားလုံးလုပ်ချင်သည့် တစ်ခုတည်းသောအရာမှာ ဆရာကြီးကို ထိုင်ရှိခိုးလိုက်ခြင်းသာ
ဖြစ်သည်။

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now