379+380+381+382

1K 72 7
                                    

ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အပိုင်း ၃၇၉
( ရှင်သန်ခြင်းရဲ့ အရသာ)

၎င်းပန်းချီကမ္ဘာလေးမှ ရှေ့သို့ဆက်လျှောက်လိုက်သော် ခပ်လှမ်းလှမ်းတွင် တစ်ထပ်တိုက် အိမ်ပုလေး တစ်လုံးရှိသည်။

သာမန်ရိုးကျ အိမ်လေးတစ်လုံးသာ ဖြစ်သော်လည်း ပတ်ဝန်းကျင်ကို ပြည့်စုံစေကာ နွေးထွေး၍ အိမ်ဆန်သော ခံစားချက်မျိုးကို ပေးနိုင်၏။ ချန်ယိက ပစ္စည်းများ အထပ်လိုက် သယ်၍ ထိုအိမ်ပုလေးသို့ လျှောက်လာခဲ့သည်။

တစ်ထပ်တိုက်အိမ်လေး၏အပြင်ဘက် မီတာတစ်ရာဝန်းကျင်တွင် မုတ်ဆိတ်ဖွားဖွားနှင့် ခေါင်းထက် သရဖူဆောင်းထားသော လူတစ်ယောက်ရှိသည်။ ထိုလူက အညိုရောင်ဝတ် ရုံကို ဆင်ယင်ကာ လက်နှစ်ဘက်ကို နောက်ပစ်ထားသည်။ စမ်းချောင်းလေးတစ်ခု အနီး မတ်တပ်ရပ်နေခြင်း ဖြစ်၏။ တစ်စုံတစ်ရာကို စိုးရိမ်ပူပန်နေဟန် ပေါ်သော်လည်း စမ်းချောင်းကို ငေးကြည့်လျက် မည်သည်မျှ အပူအပန် မရှိသည့်အလား တည်ငြိမ်စွာ ရပ်နေ၏။

ချန်ယိက စိတ်လှုပ်ရှားစွာ လျှောက်နေရင်းမှ ထိုလူကိုမြင်သော် လက်ထဲက အိုးခွက် ပစ္စည်းများကို ပြန်လည်နေရာချရင်း စိတ်တည်ငြိမ်အောင်လုပ်လိုက်သည်။ ထို့နောက် ရိုသေလေးစားစွာ ဦးညွတ်သောကိုယ်နေဟန်ထားဖြင့် ကျောက်စိမ်းဧကရာဇ်ကို နှုတ်ဆက်ပါတယ်... ဟူ၍ ဆိုလေသည်။

ကောင်းပါပြီ... အမူအရာတွေကို သိပ်အလေးထားမနေပါနဲ့ လို့ ကျုပ်ပြောပေါင်းလဲ များပြီ... ထိုလူက ငြင်းဆန်လိုက်ပြီး ပြုံးပြကာ ခရီးမှာ ဘာတွေ တွေ့ခဲ့သေးလဲ..

ထိုအခါ ချန်ယိက မပြုံးဘဲမနေနိုင်တော့ပေ။ ဒီတစ်ခေါက်... ကျွန်မ ညီမတော်ခုနစ် နဲ့ တွေ့ခဲ့တယ်...

ညီမတော်ခုနစ်.... ထိုလူက ဇဝေဇဝါဖြစ်နေကာ အထူးအဆန်းသဖွယ် အသံမျိုးနှင့် ပြန်မေးသည်။

မင်းတို့ နှစ်ယောက် ဘယ်လိုတွေ့ကြတာလဲ... ကောင်းကင်နန်းတော်က မင်းထွက်သွားတာလား... ဒါမှမဟုတ် သူမကပဲ ကောင်းကင်နန်းတော် ထဲဝင်လာ တာလား...

ချန်ယိ... သူ့ကို မပြောလိုက်နဲ့ဦး... ဒီကို လာခဲ့ ...

ထိုစဉ် ရုတ်တရက် အသံတစ်ခုထွက်လာသဖြင့် ချန်ယိနှင့် ထိုလူ၏ စကားစလည်း ပြတ်သွားရတော့သည်။

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now