136+137

1.2K 175 1
                                    

ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အပိုင်း ၁၃၆
(ကျေးဇူးမသိတတ်သော သားသမီးများ)

ကျေးဇူးတင်ပါတယ်ဗျာ

ခဏမျှ တိတ်ဆိတ်စွာ စဉ်းစားလိုက်ပြီးနောက် လီိနငျးဖနျ ဆက်ပြောလိုက်သည်။

ကျွန်တော်က သာမန်လူသား တစ်ယောက်ဆိုတော့ ကျွန်တော်ပြန်လုပ်နိုင်တာ ဘာမှ မရှိဘူး....ကျွန်တော် ရေးလိုက်တဲ့ စကားတွေက သင့်တော်ပါတယ်..... စိတ်မရှိဘူးဆိုရင် ခင်ဗျားတို့ အထဲ က တစ်ယောက်ကို ဒီစာရွက် ပေးချင်တယ်

ဤကဲ့သို့ စွမ်းအားနှင့် အရည်အချင်း ပြည့်ဝသော ကျင့်ကြံသူမိတ်ဆွေများနှင့် ခင်မင်နေရသဖြင့် သူ အလွန်ကံကောင်းလှ၏။ အကြောင်းမူကား သူ၏ ဟင်းချက်စွမ်းရည်နှင့် ကိုယ်ပိုင်အရည်အချင်းတို့ကြောင့် ဖြစ်သော်လည်း ထိုသို့ မဟုတ်လျှင်ပင် သူတို့ ကူညီ ကာကွယ် ကြမည် ဖြစ်သည်။

ကောင်းလိုက်တာ....သူတို့ဟာ မိတ်ဆွေစစ် တွေပဲ......

ဒီစာကို ကျုပ်တို့ကို ပေးမှာလား......

ချင်မင်ယွင်နှင့် အခြားသူများမှာ မိုးကြိုးပစ်ခံလိုက်ရသည့်နှယ် အံ့သြထိတ်လန့်သွားကြတော့၏။ သူတို့၏ စိတ်များ ဟာလာဟင်းလင်းဖြစ်သွားသည်။ အကြောင်းမှာ သူတို့အလွန် စိတ်လှုပ်ရှားနေကြသောကြောင့် ဖြစ်ကာ စိတ်မထိန်းနိုင်ကြတော့ပေ။

ပြတာပဲ.....

သူတို့တော့ ကံကောင်းတာပဲ.....

အထက်ဘုံမှ အင်မော်တယ်များပင်လျှင် မနာလို ဖြစ်သွားလောက်မည်။

သူတို့ ရုတ်တရက် လျူရူရှန့် အား ကျေးဇူးတင်လိုက်မိသည်။ ထို မိုက်ရူးရဲ ကောင် ကြောင့်သာ မဟုတ်လျှင် သူတို့မှာ ဤကဲ့သို့ အခွင့်အရေးမျိုးအား ဆရာကြီးထံမှ ရရှိနိုင်မည် မဟုတ်ချေ။

လျူရူရှန့် ရဲ့ ပေးဆပ်မှုကောင်း တစ်ခုလိုပါပဲ.......

မည်သူမျှ ပြန်မဖြေသောကြောင့် လီနင်းဖန် ကြောင်အမ်းအမ်း ဖြစ်နေ၏။ သူ့၏ စကားလုံးများက အရမ်းကောင်းသည်ဟု အထင်ကြီးစွာ တွေးမိနေခြင်းလော။

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now