Uni
=======
#ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အခန်း ၈၂
(အမျိုးသားနဲ့ အမျိုးသမီးတို့ အတူတကွ လုပ်ဆောင်ကြသော နေရာ)ပွင့်သွားပြီ....ပွင့်သွားပြီဟ
ကျင့်ကြံသူများ အားလုံးမှာ လင်မုဖန်း အား အထင်ကြီးသွားသော အကြည့်များဖြင့် ကြည့်ကြကာ ပျော်ရွှင်စွာ အော်ဟစ်လိုက်ကြသည်။စစ်တုရင် ဝါသနာအိုးမှာ ထိတ်လန့် ချောက်ခြား သွားသည်။ ကစားပွဲမှာ သူ၏ အတွေးများအား ဖြန့်ကျက်စေသောကြောင့် သူ၏မှုန်ဝါးနေသော မျက်လုံးများမှာ ပြန်လည်တောက်ပသွားသည်။
သူတစ်ယောက်တည်း မသဲမကွဲ ပြောဆိုလိုက်သည်။
ငါသိပြီ....ငါသိသွားပြီ....ငါ သဘောပေါက်သွားပြီ....ငါအခုသဘောပေါက်သွားပြီလင်မုဖန်းမှာ ပွင့်ထွက်သွားသော ကျောက်နံရံအား ကြည့်ကာ စစ်တုရင် ဝါသနာ အိုးအား မေးလိုက်သည်။
ခင်ဗျား ကျုပ်တို့နဲ့ ဘာလို့ မလိုက်တာလဲလိုက်စရာမလိုတော့ပါဘူး....ကျုပ်လိုအပ်တာ ကို ကျုပ်ရပြီးသွားပြီ....ကျုပ်အပြင်မှာပဲ စောင့်နေတော့မယ်....
စစ်တုရင် ဝါသနာအိုးကြီးမှာ လက်ဝှေ့ယမ်းပြသည်။ ထို့နောက် သူသည် အနီးဆုံးထောင့်တစ်နေရာသို့ လျှောက်သွားကာ တင်ပျဉ်ခွေ ထိုင်နေလေ၏။ သူ၏ စိတ်ထဲတွင် အစောပိုင်းက ကစားခဲ့သော စစ်တုရင်ကစားပွဲအား တစ်ဖန်ပြန်လည် ကစားနေလေသည်။ခင်ဗျား ကူညီခဲ့တာ ကျေးဇူးတင်ပါတယ်
အခြားသော ကျင့်ကြံသူများသည် လင်မုဖန်းအား ကျေးဇူးတင်စကားဆိုကြကာ အလင်းအသွင်သို့ ပြောင်းလဲလိုက်ကြသည်။ ထို့နောက် သူတို့သည် လျှို့ဝှက်ဝင်ပေါက်အတွင်းသို့ ဦးတည်ဝင်ရောက်ကြလေသည်။လင်မုဖန်းနှင့် စွန်းအဘိုးကြီးမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြကာ ပြောဆိုလိုက်သည်။
ကဲ အထဲဝင်ကြမယ် .... ဆရာကြီး ကူညီနိုင်တာ ဒါအကုန်ပဲ....ငါတို့ ဒီ ခရီးမှာ ရှုံးနိမ့်ရင် သူ့ကိုထပ်တွေ့ဖို့ မထိုက်တန်တော့ဘူး...............
အချိန်ငါးရက်မှာ လျင်မြန်စွာ ကုန်ဆုံးသွားသည်။
YOU ARE READING
ကျုပ်ကဆရာကြီး(1-ongoing)
Adventure(Im Actually a Cultivation Bigshot) Action, Advanture, Fantasy, Comedy မူရင်းစာရေးဆရာ - Kinoshita Nakui ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင် Fb page name=Webnovel myanmar translation လီနင်းဖန် သည် သေမျိုးကမ္ဘာ မှ ကျင့်ကြံခြင်း ကမ္ဘာဆီသို့ ကူးပြောင်းရော...