#ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အခန်း ၁၄၀
(ခရာကန်မကောင်းဆိုးဝါးကြီး ပြန်လည်ပေါ်ပေါက်လာခြင်း)ဂူချန်းချင် အရိုးထဲထိ စိမ့်အေးသွားသော်လည်း ပြန်လည်တည်ငြိမ်စေလိုက်သည်။
သူအလွန် ကြောက်ရွံ့နေကာ မျက်လူံးများ အောက်ဆိုက်လျက် ပြောလိုက်၏။
အားလုံးပဲ အဲ့ဒီ့ မျက်လုံးကို မကြည့်နဲ့....နတ်ဆိုးပိတ်လှောင်ခြင်း အစီအရင် ကိုပဲ ကျုပ်နဲ့ အတူ အာရုံစိုက်ကြသူ အနီရောင်ဝင်္ကပါအလံဆီသို့ ပျံသန်းလိုက်ကာ စိတ်ဝိညာဉ် စွမ်းအား တို့အား စီးဆင်းစေလိုက်သည်။ အနီရောင်ဝင်္ကပါအလံမှာ တောက်ပလျက် အသက်ပြန်ဝင်လာကာ ကောင်းကင်ထက်သို့ ပြန်တက်သွားတော့၏။
မီးလျှံများမှာ မှင်တံမှ မှင်စက်များ အဆက်မပြတ် ထွက်ကျလာသကဲ့သို့ အမှောင်ထုစွမ်းအင်ဆီသို့ တိုးဝှေ့သွားသည်။ မြေပြင်ပေါ်ရှိ မန္တာန်ဝင်္ကပါပုံစံမှာ တစ်ဖန်ပြန်လည်တောက်ပလာတော့၏။
သို့ရာတွင် ဖယောင်းတိုင်တစ်ချောင်းအား မီးညှိရသကဲ့သို့ ဖြစ်နေကာ လေပြင်းများကြောင့် အလွန်အားနည်းနေသည်။
ဗျောင်း.....
အက်ကြောင်းသံတစ်ခု တောင်အတွင်းမှ ပဲ့တင်မြည်ဟည်းလာကာ နတ်ဆိုးဝင်ပေါက် သည်လည်း တဖြည်းဖြည်း သိသိသာသာ ပိုကြီးလာသည်အား သူတို့ မြင်လိုက်ရသည်။
တောင်အတွင်းရှိ အက်ကွဲကြောင်းမှာ ၄င်း၏ နတ်ဆိုးဝင်ပေါက်၏ခန္ဓာကိုယ်တစ်ဝက် ဖြစ်ပေါ်လာခြင်းကြောင့် ပေါ်ထွက်လာခြင်းဖြစ်သည်။ ၄င်းတွင် ကြောက်မယ်ဖွယ် မျက်လုံးလေးလုံး ရှိနေသည်။
အားလုံးမှာ အဝေးသို့ အကြည့်လွှဲထားကြသည်။
ထိုမျက်လုံးများတွင် စိတ်ညှို့စွမ်းအင် ရှိနေကာ သူတို့အား သွေးလေချောက်ခြားစေသည်။
သူတို့ တစ်ချက်မျှ ကြည့်လိုက်သော်လည်း ထိုမျက်လုံးလေးလုံးမှာ ရုပ်တုနှင့် တစ်ထေရာတည်း ဖြစ်ကြောင်း သေချာစွာ သိလိုက်ကြသည်။
သူ တစ်စုံတစ်ခုအား နတ်ဆိုးကမ္ဘာမှ ဆင့်ခေါ်ခဲ့ခြင်းလော။
YOU ARE READING
ကျုပ်ကဆရာကြီး(1-ongoing)
Adventure(Im Actually a Cultivation Bigshot) Action, Advanture, Fantasy, Comedy မူရင်းစာရေးဆရာ - Kinoshita Nakui ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင် Fb page name=Webnovel myanmar translation လီနင်းဖန် သည် သေမျိုးကမ္ဘာ မှ ကျင့်ကြံခြင်း ကမ္ဘာဆီသို့ ကူးပြောင်းရော...