ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အခန်း ၁၃၂
(ကျင့်ကြံသူတစ်ယောက်ရဲ့ စွမ်းအားတွေလား)များပြားလှသော လူအုပ်ကြီးသည် နေ့လည်ခင်းတွင် မျှော်စင်မြင့် ပေါ်တွင် စုဝေးနေကြလျက်ရှိကာ ကျင့်ကြံသူများလည်း ကောင်းကင်ယံတွင် ပျံသန်းနေကြ၏။
ဈေးရောင်းသူ များမှာလည်း သူတို့၏ ဆိုင်ခန်းများအား သိမ်းဆည်း ဖယ်ရှားနေကြသည်။
လေထုထဲတွင် ဆွဲအား တစ်ခု ရှိနေသည်။
တော်ဝင်ဧကရာဇ်နှင့် အခြားသူများသည် လီနင်းဖန်အား တွေ့လိုက်ရသဖြင့် စကားပြောလာကြသည်။
သခင်လေး မိုးပြာနတ်ဆိုးပိတ်လှောင်ခြင်း အခမ်းအနားက ဒီနေ့ နေ့လယ် စမှာလေလီနင်းဖန် အနည်းငယ် စိတ်ဝင်စားသွားသည်။
ဟုတ်လား... ဒါဆို စတော့မှာပဲချင်မင်ယွင်လည်း ခေါင်းညိတ်လိုက်သည်။
အင်မော်တယ် ဧည့်ရိပ်သာမှာလည်း မျှော်စင် တစ်ခု ရှိတယ်လေ...အဲ့ဒီ့နေရာကနေ အခမ်းအနားကိုကြည့်လို့ ကောင်းကောင်းမြင်ရတယ်.... ကျွန်မ သခင်လေးကို အဲ့ဒီ့ကို ခေါ်သွားပေးမယ်လေကောင်းပါပြီ
လီနင်းဖန် ပြုံးလျက် ပြောလိုက်သည်။မျှော်စင်မှာ အင်မော်တယ် ဧည့်ရိပ်သာ၏ အမြင့်ဆုံး အထပ်တွင် တည်ရှိကာ အလွန်ကြီးမားသော ပွဲကြည့်နေရာ တစ်ခုဖြစ်သည်။ ထို ပွဲကြည့်နေရာမှ အခမ်းအနားအား မြင်ကွင်းကောင်းကောင်းနှင့် မြင်နိုင်သည်။ ၎င်းနေရာမှာ ကမ္ဘာကြီးသည် မိမိတို့၏ ခြေဖဝါးအောက် ရောက်သွားသည့် အတိုင်းပင် မြင်ကွင်းမှာ အလွန်လှပ လှသည်။
ထိုမျှော်စင်ပေါ်တွင် လူအနည်းငယ်သာ ရှိသည်။ အကြောင်းမူကား သီးသန့်နေရာ မဟုတ်သော်လည်း ပိုလျှံနေသော နေရာတစ်ခု ဖြစ်သောကြောင့်ဖြစ်သည်။
ကျင့်ကြံသူများမှာ ပျံသန်းနိုင်သောကြောင့် ထိုနေရာအား လာရန် မလိုအပ်ကာ သာမန်သေမျိုးများမှာလည်း ဤနေရာသို့ လာရောက်ခွင့်မရှိသောကြောင့် လူများနေခြင်း မရှိကာ လီနင်းဖန်အတွက် သက်တောင့်သက်သာ ရှိလှသည်။
![](https://img.wattpad.com/cover/286838737-288-k994032.jpg)
YOU ARE READING
ကျုပ်ကဆရာကြီး(1-ongoing)
Adventure(Im Actually a Cultivation Bigshot) Action, Advanture, Fantasy, Comedy မူရင်းစာရေးဆရာ - Kinoshita Nakui ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင် Fb page name=Webnovel myanmar translation လီနင်းဖန် သည် သေမျိုးကမ္ဘာ မှ ကျင့်ကြံခြင်း ကမ္ဘာဆီသို့ ကူးပြောင်းရော...