ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အခန်း - ၃၇၁
(နဂါးတွေက သူ့ကျွန် မဖြစ်သင့်ဘူး)ရုတ်တရက် ပင်လယ်ကြီးမှာ နှစ်ပိုင်းတိတိကွဲသွားပြီး လမ်းကြောင်းတစ်ခု ထွက်ပေါ်လာသည်။
ထိုလမ်းကြောင်း၏ အဆုံသတ်တွင် ရွှေရောင်အလင်းတို့ရှိ၏။ အောင်းချင်နှင့် အောင်ယွင်တို့မှာ လုံးဝ ဆွံအသွားသည်။ သူတို့၏နဂါးမျက်လုံးများမှာ ပြူးကျယ်သွားခဲ့ပြီး ပါးစပ်များပင်လျှင် ပွင့်ဟလာကြသည်။
သူတို့ ထိုအရာအားကြည်ပြီးနောက် အလွန်တုန်လှုပ်မိကြ၏။
ဒါ.ဒါက သူတို့၏နှလုံးသားများမှာ တဆတ်ဆတ် တုန်ယင်နေခဲ့သည်။
ထိုရွှေရောင်အလင်တန်းနှင့်ပတ်သက်၍ သူတို့အလွန်ရင်းနှီးကြ၏။ ၎င်းက အမှောင်ထုကြီးစိုးသည့် ညလယ်တွင် မနက်ခင်း ထွက်ပေါ်လာသည့် နေရောင်အလားပင် ။ ရုတ်တရက် ၎င်းက ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
အောင်းချင်နှင့်အောင်းယွင်တို့မှာ သူတို့၏မျက်လုံးများကို ပွတ်သပ်လိုက်ပြီး နောက်တစ်ကြိမ်ကြည့်လိုက်သည်။ သူတို့စိတ်ထဲ နှလုံးသားထဲ၌ နွေးထွေးမှုအားခံစားရ၏။ သူတို့မျက်ရည်များပင် ဝဲလာကြပြီး
သူရောက်ပြီ ဆရာကြီး ရောက်လာပြီ.အောင်းဖန်နှင့် နဂါးနက်တို့သည်လည်းပဲ ဆွံအနေသည်။ သူတို့က ထိုရွှေရောင်အလင်းရောင်အား ပြုံးကျယ်သည့် မျက်လုံးတို့ဖြင့် ကြည့်နေမိ၏။ ရောက်ရှိလာသည့် ရန်သူတစ်ယောက်အလား သူတို့ခံစားမိရသည်။
ကြမ္မာကုသိုလ်စွမ်းအားတွေ.
တစ်စုံတစ်ယောက်က ကြမ္မာကုသိုလ်တိမ်စိုင်ကို စီးနင်းနေတယ်လား.
သူတို့ ဆိုးဆိုးရွားရွား တွေဝေသွားသည်။ ကြမ္မာကုသိုလ် စွမ်းအားတို့ကို ပိုင်ဆိုင်သည့် တစ်စုံတစ်ယောက်မှာ အင်မော်တယ်ကမ္ဘာ၌ ရှိမည်ဟု မထင်ထားခဲ့ချေ။
ဒါပေမယ့် ဒါဆိုလည်း ဘာဖြစ်လဲ
ကြမ္မာကုသိုလ်တွေလည်းပဲ ပင်လယ်မျက်လုံးကပေါက်ကွဲရင် ထိခိုက်သွားနိုင်တယ် မဟုတ်ဘူးလား.
YOU ARE READING
ကျုပ်ကဆရာကြီး(1-ongoing)
Adventure(Im Actually a Cultivation Bigshot) Action, Advanture, Fantasy, Comedy မူရင်းစာရေးဆရာ - Kinoshita Nakui ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင် Fb page name=Webnovel myanmar translation လီနင်းဖန် သည် သေမျိုးကမ္ဘာ မှ ကျင့်ကြံခြင်း ကမ္ဘာဆီသို့ ကူးပြောင်းရော...