207+208+209

1.2K 156 1
                                    

ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အခန်း ၂၀၇
(ခေတ်တစ်ခေတ်အားဦးဆောင်ခြင်း ၊ သာမန်လူများအား အသိဥာဏ် မြင့်မားအောင် ဟောပြောခြင်း)

လီနင်းဖန် သူ၏ စကားများအား အလေးထား ပြောဆိုလိုက်ခြင်း မဟုတ်သော်လည်း ပရိသတ်များ၏ နားထဲတွင်တော့ ဗုံးပေါက်သည့်အတိုင်း ဖြစ်သွား၏။

ဘုန်း......

အထူးသဖြင့် လျောင်မန်ကျိနှင့် ချင်မင်ယွင်တို့ပင် ဖြစ်သည်။ သူတို့၏ ဦးခေါင်းများ ယားယံနေကြပြီး အလွန်အမင်း နှလုံးခုန်မြန်သွားသည်။

ဆရာကြီး လှုပ်ရှားတော့မှာလား....

ပုံမှန်အားဖြင့် ဆရာကြီးများမှာ မည်သည်မျှ ဂရုမစိုက်တတ်ချေ။ ဆရာကြီးများ၏ လက်ချောင်းများ ကြားလေးထဲမှပင် အခွင့်အရေးများစွာ ရရှိနေနိုင်သည်။

ယခုတွင် ဆရာကြီးမှာ စိတ်ပျော်ရွှင်နေခြင်းလော....

ဤအခွင့်အရေးမှာ အလွန်တရာ ကြီးမားလွန်းပေသည်။

စိတ်ကူးကြည့်နိုင်သည်ထက်ပင် ကျော်လွန်နေတော့သည်။

သူတို့နှစ်ဦးမှာ ကျိုးယွင်ဝူအား မနေနိုင်တော့လျက် စိုက်ကြည့်နေမိကာ မနာလိုမှုများ တစိမ့်စိမ့် ဖြစ်ပေါ်နေပြီး နေရာချင်းပင် လဲချင်တော့သည်။

ဟေ့ကောင် ကျိုးယွင်ဝူ မင်းအရမ်း ကံကောင်းနေပြီကွ....

မင်းသောက်ရမ်း ကံကောင်းနေပြီ မင်းသိရဲ့လား...

ချင်မင်ယွင် မပြောပဲ မနေနိုင်တော့ကာ ပြောချလိုက်၏။
ဆရာ ကျွန်မ သာမန်လူတွေကို ရုတ်တရက်ကြီး မနာလို ဖြစ်မိနေပြီ

လျောင်မန်ကျိ သက်ပြင်းချလိုက်ကာ ခါးသီးစွာ ပြန်ပြောသည်။
ငါလဲ အတူတူပဲ

တကယ်တော့ ဒီလိုမျိုး ဖြစ်လာလိမ့်မယ်လို့ ကျွန်မတို့ ကြိုသိခဲ့သင့်တယ်.
ချင်မင်ယွင် အတွေးပေါက်နေဟန်၊  ရှုပ်ထွေးနေဟန်တို့ဖြင့် ပြောလာသည်။
ဆရာကြီးက ဒီကမ္ဘာမှာ သာမန်လူတစ်ယောက်လို နေထိုင်နေတာ ကြာပြီ... ဒါပေါ့ သူသာမန်လူတွေကို ပိုပြီး ကွဲကွဲပြားပြား ဆက်ဆံမှာပဲ...ပြီးတော့ ကျွန်မတို့ ဆရာကြီးရဲ့ နာမည်ကို ထည့်မတွေးမိခဲ့ကြဘူး

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now