Uni
=======
#ကျုပ်ကဆရာကြီး
ဘာသာပြန်သူ - တင်အောင်ခိုင်
အပိုင်း ၅၆
(ကူညီပြီး ကြင်နာတက်တဲ့ ဓါးနှစ်ဖော်)ဆရာကြီး ...
သူကတကယ့် ပြိုင်ဘက်ကင်းဆရာကြီးပဲ...
ငါနှစ်သုံးထောင်နဲ့ ဘဝသုံးဆယ် နေခဲ့ပြီးပြီ....သူက တစ်ကယ်ကို ငါကြားဖူးသမျှထဲမှာ အတော်ကို မိုက်တဲ့ဆရာကြီးပဲ ...ဒီလိုဆရာကြီးနဲ့ တွေ့ခွင့်ရဖို့ဆိုတာ တကယ်ကို ကံကောင်းမှဖြစ်နိုင်မှာ....
ငါသာ သူနဲ့ မိတ်ဆွေဖြစ်ခွင့်ရမယ်ဆို ကောင်းကင်က ပေးတဲ့ ကောင်းချီးတစ်ခုပဲ....အံ့သြစရာပဲ ဒီလိုဆိုရင်ငါအောင်မြင်ပြီး ချမ်းသာလာနိုင်တယ်..... အဖိုးကြီးမှာ စိတ်လှုပ်ရှားစွာဖြင့်တွေးနေမိလေသည်။
"ဆရာကြီးက တဈခုခုတောငျးဆျို လိုက်သေးလား "အဖိုးကြီးက ချင်မင်ယွင် အား ကြည့်လိုက်သည်။
ချင်မင်ယွင်ခေါင်းငြိမ့်လိုက်ကာ "အဲ့ဒီနေရာက ကိုးမြှီးမြေခွေးကြောင့် ကျင့်ကြံသူတွေ ဝိုင်းနေတာမို့လို့ ဆရာကြီး စိတ်အနှောင့်ယှက်ဖြစ်နေရတယ်။"
ဘန်း....
အဖိုးကြီးက အရှေ့ရှိစားပွဲအား ရိုက်ချလိုက်ပြီး ဒေါသထွက်စွာဖြင့်ပြောလာသည်။
"အတင့်ရဲလိုက်တာ ဒီကောင်တွေ သေချင်နေတယ်ထင်တယ်သူ ချင်မင်ယွင်အားကြည့်ကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"မင်းငါ့ကိုဘာလို့ အခုမှပြောတာလဲ...ဒါကချက်ချင်း ဖြေချင်းရမယ့် အရေးကြီး ကိစ္စပဲ. ဒါကိုဦးစားပေးသင့်တယ်...အခုချက်ချင်း လင်ရှန်းနန်းတော်ရဲ့ အင်အားစုတွေကို စုစည်းလိုက်... ငါတို့ဆရာကြီးရဲ့ ပြသနာကို ကူညီဖြေရှင်းရမယ်...""တခြား တောင်းဆို လိုက်တာရော ရှိသေးလား"
ထိုအဖိုးကြီးမှ မေးလာခဲ့သည် ။ သူ၏စကားသံ၌ စိတ်လှုပ်ရှားမှုတို့ ပါဝင်နေခဲ့၏။ ဆရာကြီးထံမှအသိမှတ်ပြုမှု ရရှိရန် မလွယ်ချေ။ ထိုကြောင့်မို့ ရရှိသမျှ အခွင့်ရေးကို အသုံးချပြီး ဆရာကြီး၏အထင်ကြီးမှုအား ရယူရပေမည်။ချင်မင်ယွင်နှုတ်ခမ်းလေးအား ကိုက်လိုက်ကာ အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် ပြောလာခဲ့သည်။
"ဆရာ...ဆရာကြီးက နှစ်တစ်ထောင်ရေခဲနက်တွေကို ကြိုက်တယ် ဒါ့ကြောင့်မို့ သူ့ကို နောက်တစ်ခါတွေ့ရင် နှစ်တစ်ထောင်ရေခဲနက်တွေကို ပေးမယ်လို့ ကတိပေးခဲ့ပြီးပြီ "
![](https://img.wattpad.com/cover/286838737-288-k994032.jpg)
YOU ARE READING
ကျုပ်ကဆရာကြီး(1-ongoing)
Adventure(Im Actually a Cultivation Bigshot) Action, Advanture, Fantasy, Comedy မူရင်းစာရေးဆရာ - Kinoshita Nakui ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင် Fb page name=Webnovel myanmar translation လီနင်းဖန် သည် သေမျိုးကမ္ဘာ မှ ကျင့်ကြံခြင်း ကမ္ဘာဆီသို့ ကူးပြောင်းရော...