ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အပိုင်း ၃၆၁
(ကြမ္မာကုသိုလ်တော် ရွှေပင်လယ်ကြီးက လမ်းဖောက်ပေးနေသည် )ရွီချက နောက်ဆုံးမိန့်ခွန်းကို စတင်ပြောလိုက်သည်။
ယနေ့မှစကာ ဗုဒ္ဓလမ်းစဉ်ကို တရားဝင် တည်ထောင်လိုက်ပြီ ဖြစ်ကြောင်း ကျွန်မ ကြောညာလိုက်ပါတယ်...ထိုအခိုက်တွင် ဘုန်းတော်ကြီး အားလုံးက လက်အုပ်များချီလျက် အောမိတောဖော.. ရွတ်ဆိုကြသည်။
ဟား....ဟား...ဟား...ဟား....
ဟားတိုက်ရယ်မောသံကျယ်ကြီးနှင့်အတူ ရာချီသော အမှောင်ရိပ်များ အကြမ်းဆန်စွာ ရုတ်တရက် တဟုန်ထိုး ထွက်လာကြသည်။ ထိုစဉ် နေရာတိုင်း၌လည်း တိမ်မည်းများ အပြည့်ဖြစ်သွားခဲ့၏။ အမှောင်ဖိအားကြီး တစ်ခုက လူအုပ်အပေါ် သက်ရောက်နေပေရာ အတော် ကြောက်စရာ ကောင်းလှ၏။
မိစ္ဆာသခင်သည် ကိုယ်အလေးချိန် အများကြီး ကျဆင်းသွားသော်လည်း ရယ်သံကမူ အားရှိနေသေးသည်။ ၎င်းတွင် စွမ်းအားကြီးသော ချီတစ်မျိုးကို ခံစားရ၏။ မိစ္ဆာသခင်က ခြောက်ကပ်စွာ လှောင်ပြောင်လျက်
ဗုဒ္ဓလမ်းစဉ်ကို တည်တောင် တယ် ဟုတ်လား... ဘယ်လောက်ရယ်ရတဲ့ အတွေးလဲ... ကျုပ်၊ မိစ္ဆာသခင် ၊ ပထမဆုံး ကန့်ကွက် ကြောင်း ပြောလိုက်မယ်...မိစ္ဆာတွေ...
မိစ္ဆာတွေ လာပြီပေါ့ ... ဒုက္ခပေးဖို့ ရောက်လာတော့မယ်ဆိုတာ ကျုပ်သိတယ်...
အဲ့ဒါ မိစ္ဆာမျိုးနွယ်ရဲ့ သခင်ကြီးပဲ .. သူ့အရွယ်အစားက ကျုပ်ခန့်မှန်းထားတာနဲ့တော့ ကွဲတယ်...
လူအုပ်သည်လည်း အထိတ်တလန့် ကောင်းကင်သို့ မသာမယာ မော့ကြည့်ကြသည်။ လုံခြုံသော အကွာအဝေးတစ်ခုကို စိတ်ချရရန် နောက်သို့ တယိမ်းတယိုင် ပြန်ဆုတ် လိုက်ကြသည်။
ရွီချ မျက်နှာမှာလည်း အခက်တွေ့နေဟန်။ မိစ္ဆာတွေကို ကြိုဆိုဖို့ အသင့်ပြင်ထား...
အောမိတောဖော...
ထိုအခါ ဘုန်းတော်ကြီးများ ကောင်းကင်သို့ ပျံတက်သွားကြ၏။ ဘုန်းတော်ကြီးများက တည်ငြိမ်နေမြဲပင် ရောင်ခြည်တော်များ ကမ္ဘာကို ဖြန့်ကျက်ထားလျက် ၎င်းရောင်တော် များဖြင့် ရန်သူတော်ကြီးကို ရင်ဆိုင်သည်။
![](https://img.wattpad.com/cover/286838737-288-k994032.jpg)
YOU ARE READING
ကျုပ်ကဆရာကြီး(1-ongoing)
Adventure(Im Actually a Cultivation Bigshot) Action, Advanture, Fantasy, Comedy မူရင်းစာရေးဆရာ - Kinoshita Nakui ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင် Fb page name=Webnovel myanmar translation လီနင်းဖန် သည် သေမျိုးကမ္ဘာ မှ ကျင့်ကြံခြင်း ကမ္ဘာဆီသို့ ကူးပြောင်းရော...