79

1.3K 180 1
                                    

Uni
======
#ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အခန်း ၇၉
(လူချစ်လူခင်ပေါသော သခင်လေးလီ)

လင်မုဖန်း တွေဝေခြင်း မရှိလျက် ပြောလိုက်သည်။
စွန်းအဘိုးကြီး....ကျုပ်ခင်ဗျားနဲ့ လျှို့ဝှက်ဝင်ပေါက်ကို လိုက်ခဲ့မယ်

ခင်ဗျား လိုက်မယ် ဟုတ်လား
စွန်းအဘိုးကြီး မှာ အနည်းငယ် အံ့အားသင့်သွားသည်။

ခင်ဗျားနားမလည်ပါဘူး...ဒါက ဆရာကြီးပေးတဲ့ တာဝန် တစ်ခုပဲ

လင်မုဖန်း ပြုံးလျက် ပြောလိုက်သည်။
ကျုပ် ခင်ဗျားကို ကတိပေးတယ်....ဆရာကြီးရဲ့ အဆင့် က တိုင်းတာလို့မရဘူး....လျှို့ဝှက်ဝင်ပေါက် ကိစ္စလောက်ကို သူက စာဖွဲ့နေမှာ မဟုတ်ဘူး...သူ က အဲ့ဒီ့ကရမယ့် ရတနာပစ္စည်းကို သူကိုယ်တိုင် ရအောင် မလုပ်ချင်ရုံ သက်သက်ပဲ

လင်မုဖန်းသည် မည်သည့်အရာကိုမှ အတွေးခေါင်ကာ လွယ်လွယ် ကတိမပေးတတ်ချေ။ သို့သော် လီနင်းဖန်အိမ်သို့ သွားလည်ပြီးနောက်တွင် ဤအရာ မှာ ဖြစ်နိုင်သည် ဟု သူသိသည်။ သူသည် ကမ္ဘာကြီးတစ်ခုလုံးအား အမြင်အသစ်များဖြင့် ရှုမြင်နိုင်နေပြီဖြစ်၏။

တိုင်းတာလို့မရတဲ့ အဆင့်....

စွန်းအဘိုးကြီးသည် သူ့အား အံ့အားသင့်စွာကြည့်လျက် မေးလေသည်။
ခင်ဗျား....ခင်ဗျားသေချာလား...ဒါမှမဟုတ် နောက်နေတာလား

လင်မုဖန်း ပြုံးလျက် ပြောလိုက်သည်။
ကျုပ်တို့ သွားကြရအောင်.....လမ်းမှာ ခင်ဗျားကို ပြောပြမယ်

ဂိုဏ်းခေါင်းဆောင်....ခဏနေပါဦး
ပထမအကြီးအကဲသည် လင်မုဖန်းအား လှမ်းခေါ်လိုက်သည်။

ဟမ်
လင်မုဖန်း မျက်မှောင်ကြုပ်လျက် ပထမအကြီးအကဲအား ကြည့်လိုက်သည်။

ဂိုဏ်းခေါင်းဆောင်.....ခင်ဗျားအစား ကျုပ်လိုက်သွားရင် ကောင်းမယ်ထင်တယ်
ပထမအကြီးအကဲမှာ ရိုးရှင်းစွာ ပြောလိုက်သည်။
လျှို့ဝှက်ဝင်ပေါက်က အရမ်းအန္တရာယ်များတယ်....ခင်ဗျားက ဆရာကြီးဆီကို သွားလည်ခဲ့တဲ့ တစ်ယောက်တည်းသောသူပဲ....ခင်ဗျားက လင်ယွင်အင်မော်တယ်ခုံရုံး အတွက် အရေးအကြီးဆုံးလူ လည်းဖြစ်တယ်....ခင်ဗျားကိုဘာမှ မထိခိုက်စေချင်ဘူး....ကျုပ်သွားတာအကောင်းဆုံးပဲ

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now