Uni
=======
#ကျုပ်ကဆရာကြီး
အပိုင်း (၁၆)
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
(ငါ့ရဲ့ အကြီးကျယ်ဆုံးသော ရှာဖွေတွေ့ရှိမှုကြီး)နင်ဘာတွေ ပြောနေတာလဲ ငါ ဘာမှ မသိဘူးနော်ဒီအကြံက ငါ့ဘာသာငါ စဉ်းစားမိတာ လျိုရှီယူ တည်ငြိမ်နေဆဲ ဖြစ်ကာ နားမလည်ချင်ဟန် ဆောင်လိုက်သည်။
သူမ နှင့် အတူ လိုက်ခဲ့ရန် လင်ချင်းယွန် အား ပြောခဲ့သည်ကို နောင်တရချင်သလို ဖြစ်လာသည်။ လင်ချင်းယွန်မှာ လေ့လာအားကောင်းပြီး အရူး မဟုတ်ပေ။ ပို၍ အရေးကြီးသည်မှာ သူမ ယနေ့ လီနင်းဖန် နှင့် မတွေ့လိုက်ခြင်းပင် မဟုတ်လျှင် ဆရာကြီး မည်သူ ဖြစ်ကြောင်း ဖော်ကောင် လုပ်လိုက်မိမည်မှာ သေချာသည်။ ထိုကြောင့် သူမ ရည်ရွယ်ချက်ရှိရှိ ဆရာကြီး၏ အကြောင်းများ မဖော်ထုတ်မိရန် ဆုံးဖြတ်လိုက်သည်။
ရှီယူ ငါတို့က ညီအစ်မတွေလို နေလာကြတာပါဒါကြောင့် ငါ့ကို ဖုံးကွယ်မနေနဲ့တော့
လင်ချင်းယွန် မျက်လုံး လှန်ကြည့်ကာ ပြုံးလိုက်သည်။
နင် သာ ဒီလို အကြံဉာဏ်မျိုး ထွက်နိုင်မယ်ဆိုရင် လင်ယွန် အင်မော်တယ်ခုံရုံးကို လာပြီး ငါ့ကို လာရှာမှာ မဟုတ်ဘူးငါ့မှာတော့ သတင်းကြားကြားခြင်း လာခဲ့ရတာအခု နင် က အခြား ဖြေရှင်းနည်းတောင် တွေ့သွားပြီငါ့ကို ချောင်ထိုးဖို့ စဉ်းစားနေတာလား.လျိုရှီယူ ဘာလုပ်ရန် ကြိုးစားနေကြောင်း သူမသိသည်။ အမတ်ချုပ် နှင့် ဝန်ကြီးချုပ်တို့မှာ တစ်ယောက်ကို တစ်ယောက် တိုက်ခိုက်ပြီး အားနည်းလာကြောင်း သိသာသည်။ ၄င်း ဗျူဟာသည်လည်း ဆန်းသစ်လွန်းလှ၏။ လျိုရှီယူ မှာ ပါရမီရှင်တစ်ယောက်၏ အကူအညီ ယူထားမှန်း သူမအတွက် သေချာသည်။
နင့်ရဲ့ အကူအညီအတွက် ကွမ်းလောင်အင်မော်တယ်မင်းဆက် ရဲ့ မီးနဂါး ပုလဲ နဲ့ လဲလှယ်ဖို့ ကမ်းလှမ်းချင်တာမလား လျိုရှီယူ တည်ငြိမ်စွာ ပြောသည်။
မီးနဂါး ပုလဲ က ကွမ်းလောင်မင်းဆက်ရဲ့ ရတနာလေငါ ဘာကြောင့်လိုချင်ရမှာလဲငါ က ခဏလောက် ငှားချင်ရုံလောက်ပဲလင်ယွန်အင်မော်တယ် ခုံရုံးက အချို့တပည့်တွေက ရွှေအမြူတေ အဆင့်ကို ချိုးဖျက်ဖို့ အဲ့ဒီ ပစ္စည်းလိုအပ်နေတယ်လေ
YOU ARE READING
ကျုပ်ကဆရာကြီး(1-ongoing)
Adventure(Im Actually a Cultivation Bigshot) Action, Advanture, Fantasy, Comedy မူရင်းစာရေးဆရာ - Kinoshita Nakui ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင် Fb page name=Webnovel myanmar translation လီနင်းဖန် သည် သေမျိုးကမ္ဘာ မှ ကျင့်ကြံခြင်း ကမ္ဘာဆီသို့ ကူးပြောင်းရော...