ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အပိုင်း ၂၆၉
(အန္တာရယ်များထဲ အဆင့်တက်ခြင်း)
အကယ်၍ နန်နန်းသည်သာ တစ်စုံတစ်ရာ ဖြစ်ခဲ့လျှင်........သို့လျှင်တော့...
တော်ဝင်ဧကရာဇ် ခိုက်ခုက်တုန်နေလေပြီ။ သူ့ခန္ဓာကိုယ်က ထောင့်တင်းနေကာ ရှည်ရှည် ဝေးဝေးလည်း မစဉ်းစားနိုင်ချေ။
ကြောက်စရာများ ဖြစ်လာလိမ့်မည်။
ထိုအခါ သူဘာကိုမှလည်း ဂရုမစိုက်နိုင်တော့ပေ။ လီနင်းဖန်ဘေးတွင် အဖော်ပြုပေးနေသော်လည်း သူ့စိတ်မှာ အဝေးကိုသာ ရောက်နေလျှက် ရှိ၏။ ယခုအချိန် သူအလုပ်ချင် ဆုံးမှာ သည်နေရာမှ အမြန်ဆုံးထွက်သွားရန် ဖြစ်သည်။
တော်ဝင်ဧကရာဇ်၏ ခံစားချက်များသည် မဖော်ပြသောလည်း တစ်ပါးသူ အပေါ် ကူးစက်သွားတတ်သည့် သဘောရှိသည်။ ဆယ်မိနစ်မျှ လျှောက်ပတ်ပြီးသောအခါ လီနင်းဖန် လည်း စိတ်မပါလက်မပါ ရှိတော့သည်။ ထိုအခါ သူတို့ ပြန်တော့ရန် ဆုံးဖြတ် လိုက်၏။
တော်ဝင်ဧကရာဇ် လီနင်းဖန်ကို အလေးဂရုပြုစွာ အပြန်လိုက်ပို့လိုက်သေးသည်။ ထို့နောက်တွင်တော့ သူဆတ်ခနဲထခုန်ကာ သုတ်ခြေတင်၍ ပြေးတော့သည်။
သတင်းကြီး... အရေးကြီး သတင်း....
အကိုမန်ကျိ၊ အကိုမန်ကျိ.... လျောင်မန်ကျိ ခြံဝင်းဆီသွား၍ မရပ်မနားအော်ဟစ် လိုက်သည်။ တစ်ကိုယ်လုံးသည် ချွေးစီးများ ရွဲနစ်နေ၏။
ဒေါက်... ဒေါက်... ဒေါက်....
အကိုမန်ကျိ၊ တံခါး ဖွင့်ပါ....
ဘာလဲဗျ... ဘာဖြစ်လာတာလဲ... တော်ဝင်ဧကရာဇ် အလျင်လိုနေသည်ကို လျောင်မန်ကျိလည်း သတိထားမိသည်။ အချိန်မဆွဲရဲဘဲ ချက်ချင်းတံခါးဖွင့်လိုက်ကာ ပြန်ဖြေသည်။
တော်ဝင်ဧကရာဇ်၏ မျက်နှာမှာ အေးစက်နေသည်။ သူ့အသံကလည်း အတော် အလေးအနက် ထားနေဟန်
ကောင်းကင်နေဂိုဏ်းက လိုက်ရှာနေတဲ့ ကောင်မလေးဟာ နန်နန်း ဖြစ်နေတဲ့ ပုံပဲ ....နန်နန်း.. ဟုတ်လား... ဘယ်က နန်နန်းလဲ... လျောင်မန်ကျိ ပထမတွင် ကြောင်ကာ ရပ်တန့် နေသေးသည်။ ထို့နောက်မှ သူ့မျက်စံများ လှန်သွားရတော့၏။
ကြွေလွင့်မြို့တော်မှာ အနောက်ဘက်သို့ ခရီးသွားခြင်းကို နားထောင်ခွင့်ရတဲ့ နန်နန်း တော့ မဟုတ်ဘူးမလား....
![](https://img.wattpad.com/cover/286838737-288-k994032.jpg)
YOU ARE READING
ကျုပ်ကဆရာကြီး(1-ongoing)
Adventure(Im Actually a Cultivation Bigshot) Action, Advanture, Fantasy, Comedy မူရင်းစာရေးဆရာ - Kinoshita Nakui ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင် Fb page name=Webnovel myanmar translation လီနင်းဖန် သည် သေမျိုးကမ္ဘာ မှ ကျင့်ကြံခြင်း ကမ္ဘာဆီသို့ ကူးပြောင်းရော...