32

1.5K 206 0
                                    

Uni
=======
#ကျုပ်ကဆရာကြီး
အခန်း ၃၂
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
(အခြားသော အရိပ်အမြွတ် )

အခန်းထဲသို့ ဝင်လာသည်တွင် အိပ်ရာထက် လှဲလျောင်းနေသော အမျိုးသမီးလေး တစ်ယောက်အား သူတို့ တွေ့လိုက်သည်။ ပထမတွင် သူတို့ အံအားသင့်သွားဟန် ရသော်လည်း နောက်တစ်ခဏ ၌ တုန်လှုပ်သွားကြသည်။

လူ့အသွင်ပြောင်း မကောင်းဆိုးဝါး

သူမက လူ့အသွင်ပြောင်း မကောင်းဆိုးဝါးပဲ

သူမက လူသားအသွင်ပြောင်းလဲ ပြီးသော်လည်း သူမ၏ မကောင်းဆိုးဝါးချီမှာ ပျောက်ပျက်မသွားသေးချေ။ ထိုကြောင့် သူတို့ အလွယ်တကူ ပြောနိုင်ခြင်း ဖြစ်သည်။

ဟုတ်ပေသည် ၄င်းအဖြစ်အပျက်က သခင်လေးလီ အနီးတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်၏။ ထိုကြောင့် သူ ကူညီမည်မှာ သေချာသည်။ သူက မိုးကြိုးကြောင့် ထိခိုက်ခဲ့သူ တစ်ယောက် အား ကယ်တင်ခဲ့သည်ဟု ပြောခဲ့သည် မဟုတ်လောသူတို့မှာ ထိုကိစ္စအကြောင်း ဆွေးနွေးခဲ့ကြသော်လည်း မည်သူက သခင်လေးလီ နှင့် လူ့အသွင်ပြောင်း မကောင်းဆိုးဝါးတို့ အတူ ရှိမည်ဟု ထင်ကြမည်နည်း။  အမဲလိုက်သူများမှာ လက်ဗလာ နှင့် ပြန်ကြရလိမ့်မည်မှာ သေချာသည်။

တကျီ မှာ လီနင်းဖန် အားကြည့်ကာ ပျော်ရွှင်သွားသည်။ သို့သော်လည်း သူ့အနောက်ရှိ လူများအားကြည့်ကာ သူမ မျက်နှာ တစ်ခုလုံး ကြောက်ရွံမှု ဖြင့် ဖြူဖျော့သွားခဲ့၏။

သတိထား သခင်လေးလီ သူမက လီနင်းဖန် အား ကြောက်ရွံတကြီး ဆွဲခေါ်လိုက်သည်။

ဘာဖြစ်လို့လဲ လီနင်းဖန်အနည်းငယ် မှင်သက်သွား၏။ သူ ပိုင်ဝူချန်း နှင့် အခြားသူများအား ကြည့်ကာ သံသယ ဝင်စွာ မေးလိုက်သည်။
သူက ခင်ဗျားတို့ကို ကြောက်နေပုံရတယ်ဘာကြောင့်လဲ

သခင်လေးလီဒါ နားလည်မှု လွဲတာပါ..ဒီမိန်းကလေးက မိုးကြိုးကြောင့် ကြောက်နေတာ ဖြစ်မှာပါ..ဒါကြောင့် သူမ ကိုယ့်ကိုယ် ကာကွယ်နေပုံရတယ် ဧကရာဇ် က အနည်းငယ် တုန်ရင်သွားပြီး အလွန် မိတ်ဆွေဆန်သည့် လေသံဖြင့် ပြုံးကာ ပြောလာလေသည်။

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now