Uni
======
#ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အခန်း ၆၈
(ဟင်းပွဲ ဖြစ်သွားပြီ )ထိုသုံးယောက် ထွက်သွားသည်တွင် လင်မုဖန်း၏ မျက်နှာမှာ တည်ငြိမ်ထက်ရှသွားခဲ့သည်။ သူ၏ လက်ကိုမြှောက်ကာ အခန်းတစ်ခုလုံးအား အစီအရင် ဝင်္ကဘာတို့နှင့် ပိတ်လှောင်လိုက်သည်။ ထို့နောက်တွင်မှ သူပြောလာခဲ့၏။
"ချင်းယွင် မင်းအခုပြောလို့ရပြီ"
လင်ချင်းယွင် ခေါင်းငြိမ့်လိုက်ကာ သူမကြုံတွေခဲ့ရသည့် အရာရာတိုင်းအား အစမှ အဆုံးတိုင် ပြောလာခဲ့သည်။
"ကွမ်းလောင်အင်မော်တယ် မင်းဆက်က သမီးကို ဖိတ်ခေါ်ခဲ့ရာကနေ အစပြုခဲ့တာ"လင်ချင်းယွင် ပြောနေသည့်အချိန်တိုင်း လင်မုဖန်း၏မျက်နှာ အမူအရာမှာ အဆက်မပြတ် ပြောင်းလဲနေသည်။
တခါတရံ စိတ်ရှုပ်ထွေးသလို တခါတရံစိတ်လှုပ်ရှားပြီး တခါတရံကြောက်ရွံကာ တခါတရံ မသက်မသာဖြစ်ရသည်။
သူမစကားအဆုံး သတ်သွားသည်တွင် သူ၏မျက်နှာတစ်ခုလုံးမှာ စိတ်လှုပ်ရှားမှုတို့နှင့် ပြည့်နှက်နေပေသည်။ သူဝမ်းသာစွာဖြင့် ပြောလာသည်။
"ကောင်းတယ် ... အရမ်းကောင်းတယ်....ထက်မြက်လိုက်တာ...."
"ချင်းယွင် မင်းဒီတစ်ခါ အမှန်ကန်ဆုံးအရာတွေ လုပ်ခဲ့တာပဲ ဒါပေမယ့် မင်း အမှားသေးသေးလေးတစ်ခု ပြုလုပ်မိခဲ့တယ်"
"ဟင် သမီးဘာအမှား လုပ်ခဲ့တာလဲ"
လင်ချင်းယွင်မေးခွန်းထုတ်မိသည်။"ဆရာကြီးရဲ့ စွမ်းအားက ငါတို့ထင်မြင်ထားတာ အကုန်လုံးထက် ကျော်လွန်နေပြီ သူက ဒီမှော်ဆေးရည်တွေနဲ့ ပက်သက်ပြီး ဂရုစိုက်မယ်ထင်နေလို့လား...အဲ့ဒါ မှားတာပဲ...ငါထင်တာ သူက ဒါကိုစမ်းသပ်လိုက်တာပဲမင်းရဲ့ ကျေးဇူးသိတက်မှုကို စမ်းသပ်နေတာ..."
လင်မူဖန်းက အဝေးသို့ မျှော်ကြည့်လိုက်ပြီး ခန့်မှန်းနေသည့်ဟန်ဖြင့် ပြောလာသည်။သူ၏ မျက်နှာနှင့်လေသံမှာ အတော်လေးကို သေချာနေဟန်ရ၏။
ချင်းယွင် ၏ နှုတ်ခမ်းလေးများ တုန်ရင်သွားသည်။ သူမ ရေရွတ်လိုက်ကာ
YOU ARE READING
ကျုပ်ကဆရာကြီး(1-ongoing)
Adventure(Im Actually a Cultivation Bigshot) Action, Advanture, Fantasy, Comedy မူရင်းစာရေးဆရာ - Kinoshita Nakui ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင် Fb page name=Webnovel myanmar translation လီနင်းဖန် သည် သေမျိုးကမ္ဘာ မှ ကျင့်ကြံခြင်း ကမ္ဘာဆီသို့ ကူးပြောင်းရော...