#ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အခန်း ၁၀၅
(ဒါကဆရာကြီးရဲ့ အရိပ်အမြွတ် ပါပဲ)ချင်မင်ယွင်လည်း လျင်မြန်စွာ စတင် တွေးတောလိုက်သည်။
သူမ၏ ဆရာနှင့် သူမတို့ နှစ်ဦးစလုံးမှာဆရာကြီး၏ အရိပ်အမြွတ် များအား ပြည့်စုံစွာ အဓိပ်ပါယျကောကျနိုငျခွငျး မရှိခဲ့ကြောင်း သူမ မှတ်မိလေသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့တွင် ဆရာကြီး၏ ဂီတသင်္ကေတစာရွက်အား မရရှိသေးသောကြောင့် ဖြစ်ပေမည်။ သို့သော် ဆရာကြီးမှာ သူတို့ အတွက် ဂီတသင်္ကေတစာရွက် အား ပို့ပေးလိုက်ချေပြီဖြစ်သည်။
ဤသည်မှာ ထင်သလောက် မရိုးရှင်းပေ။
သူမ၏ ဆရာသည် သူ နန်းတော်သို့ ပြန်မရောက်သေးခင် အချိန်အတွင်းသူမအား ဆရာကြီးပေးသော တာဝန်အားလုံးအား လုပ်ဆောင်ပေးရန် ၊ သေချာစွာ ဂရုတစိုက်လုပ်ဆောင်ရန်၊ ဆရာကြီးပေးသော သဲလွန်စတိုင်းအား နားလည်အောင်ကြိုးစားရန် တိုက်တွန်းမှာကြားခဲ့သည်။
သူမ လျိုရှီယူအား ကြည့်လျက် တည်ငြိမ်သော မျက်နှာထား ဖြင့် မေးလိုက်သည်။
ရှီယူ သခင်လေးလီ နောက်ထပ် ဘာတွေ မှာလိုက်သေးလဲလျိုရှီယူ မျက်မှောင်ကြုံ့လျက် ခေါင်းခါလိုက်သည်။
ဘာမှ မမှာလိုက်ဘူး ထင်တယ်မဖြစ်နိုင်ဘူး သခင်လေးလီက သဲလွန်စ တစ်ချို့တော့ ပေးကိုပေးလိမ့်မယ်
ချင်မင်ယွင်မှာ ပိုမို နက်ရှိုင်းစွာ မျက်မှောင်ကြုံ့ နေမိသည်။တော်ဝင်ဧကရာဇ် ပြောသည်။
သခင်လေးလီ က ငါတို့ကို ကြီးကြီးမားမား ကိစ္စတစ်ခုရှာဖွေပေးဖို့ ခိုင်းထားတယ်....သူဘာကို ဆိုလို လဲ ဆိုတာ မိန်းကလေးချင် သိလားကြီးကြီးမားမား ကိစ္စ ဟုတ်လား
ချင်မင်ယွင်မှာ ရှုပ်ထွေးစွာ ခေါင်းခါလိုက်သည်။ယခုအချိန်တွင် သူမ ၏ ဆရာသာ နန်းတော်တွင် ရှိနေလျှင် ဆရာကြီး၏ နကျရျှိုငျးသော သွယ်ဝိုက်မှုများအား နားလည် နိုင်ပေလိမ့်မည်။
သူ၏ နားလည်နိုင်စွမ်းမှာ အမှန်တကယ်ပင် နက်ရှိုင်း လွန်းလှသည်။
ESTÁS LEYENDO
ကျုပ်ကဆရာကြီး(1-ongoing)
Aventura(Im Actually a Cultivation Bigshot) Action, Advanture, Fantasy, Comedy မူရင်းစာရေးဆရာ - Kinoshita Nakui ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင် Fb page name=Webnovel myanmar translation လီနင်းဖန် သည် သေမျိုးကမ္ဘာ မှ ကျင့်ကြံခြင်း ကမ္ဘာဆီသို့ ကူးပြောင်းရော...