167+168+169

1.1K 153 0
                                    

ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အပိုင်း ၁၆၇
(ဆရာကြီးက ကျုပ်အပေါ် ကောင်းလွန်းတယ်)

နောက်တစ်နေ့တွင် လျောင်မန်ကျိသည် လင်ရှန်းနန်းတော်မှ အတွေးများစွာ နှင့် လေးလံစွာ ထွက်လာကာ တောင်ခြေသို့ ရောက်လာသည်။

လျောင်မန်ကျိက တောင်ပေါ်ကို မော့ကြည့်ကာ
" ကျုပ် နောက်လိုက်လာ စရာမလိုပါဘူး.. ဒါဟာ နှုတ်ဆက်ရုံဆိုတော့ ကျုပ်တစ်ယောက်တည်း သွားပါ့မယ်..."

" ဆရာ.... ကျွန်မတို့ ဒီမှာပဲ စောင့်နေလိုက်မယ်နော် ... " ချင်မင်ယွမ်သည် အံကိုတင်းတင်းကြိတ်ထားကာ မျှော်လင့်ချက်အပြည့်ဖြင့်
" ဆရာကြီးက ကြင်နာတတ်ပါတယ်.. ဆရာ သစ္စာရှိတာ သူသာ သိရင် ဆရာ့ကို ကယ်တင်ပေးလောက်မှာပါ ..."

" မျှော်လင့် ရတာပေါ့ .." လျောင်မန်ကျိသည် ပြုံးပြကာ တောင်ပေါ်သို့ တက်လာခဲ့သည်။

ချင်မင်ယွမ်ကို နာကျင်စေမည့်စကားများ သူမပြောခဲ့ပေ။ ဆရာကြီးအား အကူအညီတောင်း သည့် ကိစ္စသည် မည်မျှ ခက်ခဲကြောင်း သူရှင်းလင်းစွာသိသည်။ အကြောင်းမှာမူ ဆရာကြီး သည် သာမန်လူအဖြစ် နေထိုင်နေသောကြောင့်ဖြစ်သည်။ သူကဲ့သို့ အရေးမပါသော လူတစ်ယောက်အတွက်မူ ချွင်းချက်အနေဖြင့် ကယ်တင်ပေးလိမ့်မည် မဟုတ်ပေ။

ထို့အပြင်လည်း နတ်ဘုရား မဟုတ်လျှင် မည်သူမျှ ဤကပ်ဘေးဒုက္ခကို မရှောင်လွားနိုင်ကြချေ။

ရှပ် ..ရှပ် ..ရှပ်

ခြေလှမ်း တစ်လှမ်းချင်းစီ လှမ်း၍ သစ်ရွက်ခြောက်များပေါ်သို့ နင်းလျှောက်သွားကာ တောင်ပေါ်သို့ တက်လာခဲ့သည်။ ဆောင်းဦးရာသီတွင် သစ်ရွက်ကြွေများ ပြန့်ကျဲနေပုံမှာ လျောင်မန်ကျိ နှလုံးသားထဲ ဖြစ်ပျက်နေသည့် အရာများ နှင့် တူညီသည်။ သူ့ စိတ်သည် ခြောက်သွေ့ကာ  အထီးကျန်နေမိသည်။

သူက  မျက်ရည်ဝဲကာ ခေါင်းငုံ့ လျှက် ဖြည်းဖြည်းချင်း လျှောက်လာခဲ့သည်။ ဤကဲ့သို့ အခြေအနေဆိုးမျိုးနှင့် တောင်ပေါ် လမ်းလျှောက် တက်လာရလိမ့်မည်ဟု  သူမမျှော်မှန်း မိခဲ့ပေ။

ကျုပ်ကဆရာကြီး(1-ongoing)Hikayelerin yaşadığı yer. Şimdi keşfedin