တင်ဖို့ တမင်ပျက်ကွက်နေတာမဟုတ်ပါဘူးသင်တန်းတွေနဲ့ရော၊အိမ်ကအလုပ်တွေနဲ့ရော၊deliပို့တာနဲ့ရောမအားလို့ပါ wpမှာ စနေ၊တနဂ်နွေမှပေါင်းတင်ပေးပါ့မယ်နော် ကြိုဖတ်ချင်ရင် descriptionမှာချထားတဲ့ Fb Pageမှာကြိုဖတ်လို့ရပါတယ်နော် Paidလဲဝင်လို့ရပါတယ်
ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အခန်း ၃၃၆
(ကျုပ်က နှင်းလူရုပ်ထက်တောင် ဘဝဆိုးသေးတယ်)နောက်တစ်နေ့တွင် ကောင်းကင်မှာ ပုံမှန်ထက် ပိုမိုတောက်ပနေ၏။
လီနင်းဖန် တံခါးဖွင့်လိုက်ကာ မခံနိုင်တော့ပဲ မျက်စိမှေးသွားသည်။ ပတ်ဝန်းကျင်မှာ အလွန် တောက်ပလွန်းနေသည်။
နှင်းများမှာ စော၍ ကျဆင်းခဲ့ရုံသာမက ပမာဏလည်း များပြားလှသည်။ တစ်ညလုံးတွင် ကျဆင်းခဲ့သော နှင်းခဲထုမှာ အပြင်ဘက်တွင် စုဝေးနေပြီး နေရောင်ခြည်သည် ကြီးမားသော နှင်းမျက်နှာပြင်နှင့် အလင်းပြန်နေကာ နေ့တစ်နေ့အား သာမန်ထက် ပိုမိုတောက်ပသွားစေသည်။
မြေပြင်၊ နံရံနှင့် သစ်ပင်များမှာ ငွေရောင်များ ဖုံးလွှမ်းနေတော့သည်။
မင်္ဂလာနံနက်ခင်းပါ သခင်...
ရှောင်ပိုင် မှာ စုပုံနေသောနှင်းများအား လုံ့လဝီရိယရှိစွာ ရှင်းလင်းရင်း လီနင်းဖန်အား ပြောလာသည်။မနက်စာအဆင်သင့်ဖြစ်ပါပြီ...ပဲနို့နဲ့ ဂျုံချောင်းတွေပါ...
ကောင်းတယ် ရှောင်ပိုင်...
လီနင်းဖန် ပြုံးကာ ခေါင်းညိတ်တော့သည်။ပဲနို့နှင့် ဂျုံချောင်းတို့မှာ သူ နှစ်သက်သော အစားအစာပေါင်းစပ်မှုဖြစ်ကာ ဆောင်းမနက်ခင်းတွင် ပဲနို့ပူပူလေးသောက်လိုက်ရခြင်းမှာ နှစ်သက်စရာ ကောင်းလှသည်။ ရှောင်ပိုင်မှာ ထိုအချက်အား အမှတ်ရနေသဖြင့် နှင်းကျသောအခါတွင် ဤအစားအသောက်နှစ်ခုအား ပြင်ဆင်ခဲ့ခြင်း ဖြစ်ပေသည်။
အင်မော်တယ်ကမ္ဘာတွင် အချိန်များ ကြာရှည်စွာ ကုန်ဆုံးခဲ့ပြီးနောက် လီနင်းဖန်မှာ နှင်းကျသော နေ့ရက်များစွာ ဖြတ်သန်းခဲ့ဖူးသည်။
VOUS LISEZ
ကျုပ်ကဆရာကြီး(1-ongoing)
Aventure(Im Actually a Cultivation Bigshot) Action, Advanture, Fantasy, Comedy မူရင်းစာရေးဆရာ - Kinoshita Nakui ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင် Fb page name=Webnovel myanmar translation လီနင်းဖန် သည် သေမျိုးကမ္ဘာ မှ ကျင့်ကြံခြင်း ကမ္ဘာဆီသို့ ကူးပြောင်းရော...