ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အခန်း ၃၂၆
(ဒါ မလွန်လွန်းဘူးလား )ကောင်းလိုက်တဲ့ အစီအစဉ် အားကောင်းလွန်းတဲ့ ဗျူဟာ တစ်ခုပဲ
မန်ပို သက်ပြင်းချလိုက်သည်။ သူမ ၏ အဆင့် နှင့် ပင် အံအားသင့်စရာ ကောင်းလွန်းလှသည်။
၎င်းက သူမ ကိုပင် အမြင်ကျယ်သွားစေသည်။
ရှေးဟောင်းခေတ်တွင် အဘယ်ကြောင့် နတ်ဘုရားများမှာ ဝါဒလမ်းစဉ် နှင့် ဘာသာတရားများအား ဖန်တီးခဲ့ကြသနည်း ။ ပြန်လည်ဝင်စားခြင်းအတွက် စတေးမှုများအား အဘယ်ကြောင့် ပြုခဲ့သနည်း ။ အားလုံးကို ရင်း၍ ကြမ္မာကုသိုလ် များ ရရှိရန် လုပ်ဆောင်ခဲ့ကြသည်လော။
မြေအောက်ကမ္ဘာ သာ မြို့တော် တစ်ခု တည်ထောင်ထားမည်ဆိုပါက အားလုံးမှာ မြေအောက်ကမ္ဘာ အပေါ် အထင်ကြီး လေးစားလာပြီး အမြင်များ ပြောင်းလဲလာပေလိမ့်မည်။
မြေအောက်ကမ္ဘာအား လူသားများမှာ ကြောက်လန့်ခဲ့ကြသည်။ သူတို့က တစ္ဆေထိန်းဘီလူးများ ဖြစ်သော အိုနီများအား လန့်ကြသည်။
ရဲတိုက်မြို့တော် တစ်ခု အား တည်ထောင်မည်ဆိုလျှင် သာမန်လူသားများ နှင့် ပိုမို ထိတွေ့နိုင်ပေမည်။ သာမန်လူသားများလည်း ပျိုမို သဘောကျလာကာ ကြမ္မာကုသိုလ်များကိုလည်း စုစည်းရနိုင်သည်။
ကြောက်စရာပဲ
တကယ် ကြောက်ဖို့ ကောင်းလွန်းတယ်
အဖြစ်အပျက် တစ်ခုလုံးကို ပြောင်းလဲနိုင်ရင် အများကြီး အကျိုးရှိနိုင်လိမ့်မယ်
ကံမကောင်းသည်မှာ မြေအောက်ကမ္ဘာမှာ ဆိုးရွားစွာ ပျက်ဆီးသွားခဲ့ခြင်း ဖြစ်သည်။ မဟုတ်လျှင် မဟာကပ်ဘေးကြီး၌ သူတို့သည်လည်း ထိုမျှ ကူကယ်ရာမဲ့ရလိမ့်မည် မဟုတ်ချေ။
စိတ်ထိန်းစမ်းဆရာကြီးမှာ အစီအစဉ် ရှိနေပြီ ဆိုမှတော့ ငါတို့လည်း စိတ်ထိန်းထားရမယ်ငါတို့ မြေအောက်ကမ္ဘာက အနှေး နဲ့ အမြန် ပြန်လည် ထူထောင်လာနိုင်တော့မယ်
မန်ပို သက်ပြင်းချလိုက်ကာ ဆရာကြီးက မြေအောက်ကမ္ဘာအပေါ် မယုံကြည်နိုင်လောက်အောင် ကောင်းတယ်ဒီကျေးဇူးကို ပြန်ဆပ်နိုင်ဖို့ ခက်လိမ့်မယ်
YOU ARE READING
ကျုပ်ကဆရာကြီး(1-ongoing)
Adventure(Im Actually a Cultivation Bigshot) Action, Advanture, Fantasy, Comedy မူရင်းစာရေးဆရာ - Kinoshita Nakui ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင် Fb page name=Webnovel myanmar translation လီနင်းဖန် သည် သေမျိုးကမ္ဘာ မှ ကျင့်ကြံခြင်း ကမ္ဘာဆီသို့ ကူးပြောင်းရော...