Uni
=======
#ကျုပ်ကဆရာကြီး
အခန်း ၂၀
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
(အတွေးကမ္ဘာထဲက ကျောင်းတော်သား)ပိုင်ဝူချန်း နှင့် အခြားသူများ အားလုံး အကြီးမားဆုံး လျိုဝှက်ချက် တစ်ခု အား ရှာတွေ့လိုက်ရသည့်အလား ခံစားလိုက်ကြရသည်။ သူတို့ နားများ အူထွက်သွားပြီး ဘယ်တုန်းကမှ မခံစားဖူးခဲ့သော သာမန်မဟုတ်သည့် စိတ်လှုပ်ရှားမှုများအား ခံစားနေမိသည်။
ဒါ အင်မော်တယ်တွေ ရဲ့ ပုံပြင်ပဲ ဖြစ်ရမယ်ထာဝရ လမ်းစဉ် ရဲ့ လျိုဝှက်ချက်တောင်မှ ဖြစ်နေနိုင်သေးတယ်
သူတို့ အာရုံစူးစိုက် နားထောင်နေကြကာ အသံတစ်ချက်ပင် မထွက်ရဲကြချေ။
လီနင်းဖန် ပုံပြင်အား ဆက်ပြောလာခဲ့သည်။ မကြာခင်၌ပင် ကျောက်တုံးမျောက် ဗောဟိဂူနန်းသို့ ရောက်ရှိသွားသည့် အကြောင်း ရောက်ရှိလာခဲ့သည်။
ဖြတ်သွားသမျှ လူတိုင်းမှာ သူတို့ လုပ်စရာ ရှိသည်များအား ပစ်ချကာ ရပ်တန့်ပြီး လူအုပ်ကြီး နှင့် အတူ လီနင်းဖန် ပြောပြသမျှအား နားထောင်လာကြသည်။ အင်မော်တယ်လောက နှင့် သာမန်လူတို့ လောကမှာ သီးခြား တည်ရှိသည်။ သာမန်လူများ အနေဖြင့် အင်မော်တယ် မသေမျိုးတို့၏ အကြောင်းကို နားထောင်လိုကြသည်မှာ မထူးဆန်းချေ။ အထူးသဖြင့် လီနင်းဖန် ပြောသည့် ပုံပြင်မှာ သာမန် နှင့် အနည်းငယ်ပင် မတူညီချေ။ လီနင်းဖန် ပြောသည့် အရာများမှာ သာမန်ထက် များစွာ သာလွန်သည့် လောကတစ်ခု အကြောင်း ဖြစ်နေနိုင်သည် မဟုတ်လား။
အခြားတစ်ဖက်တွင် အပြာဖျော့ဖျော့အရောင် ဝတ်စုံ နှင့် ကျောင်းတော်သား တစ်ဦးမှာ ကြွေလွှင့်မြို့တော်ထဲသို့ လှမ်းလျှောက်ကာ ဝင်လာခဲ့သည်။ သူ့မျက်လုံးများမှာ ရီဝေနေကာ ရှင်သက်ခြင်း ၏ အဓိပ်ပါယျ ပျောက်ဆုံးနေသည့် အလား ပြဿာနာ တစ်စုံတစ်ခု ကြုံတွေ့နေရဟန် တူသည်။ သူ့တစ်ကိုယ်တည်းလည်း တီးတိုးရေရွတ်နေလေသည်။ လူများဝိုင်းအုံနေသည့် ကိစ္စရပ်တစ်ခုအား သူ အာရုံမစိုက်နိုင်ချေ။ သူ့ ကိုယ်ပိုင်ကမ္ဘာ ပျောက်ဆုံးနေသည့်အလား အတွေးကမ္ဘာထဲ နစ်မွန်းနေဟန်ရသည်။
![](https://img.wattpad.com/cover/286838737-288-k994032.jpg)
YOU ARE READING
ကျုပ်ကဆရာကြီး(1-ongoing)
Adventure(Im Actually a Cultivation Bigshot) Action, Advanture, Fantasy, Comedy မူရင်းစာရေးဆရာ - Kinoshita Nakui ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင် Fb page name=Webnovel myanmar translation လီနင်းဖန် သည် သေမျိုးကမ္ဘာ မှ ကျင့်ကြံခြင်း ကမ္ဘာဆီသို့ ကူးပြောင်းရော...