346+347+348+349+350

779 77 2
                                    

ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အခန်း ၃၄၆ A
(ကောင်းမွန်သောစီမံဆောင်ရွက်မှု)

လေးပါးသော ဗိသုကာစံအိမ်တွင် ဖြစ်သည်။

လီနင်းဖန်သည် လက်ဖက်ရည်ထည့်ထားသော တရုတ်ကြွေထည်ခွက်တစ်ခွက်အား ကိုင်ထားကာ ခွက်၏ အဖုံးအား လက်ဖက်ရည်မျက်နှာပြင်ပေါ်တွင် ပေါလောပေါ်နေသော လက်ဖက်ရွက်များအား ဖယ်ထုတ်ရန် အသုံးပြုနေပြီး သူ လက်ဖက်ရည်ပူပူအား ညှင်သာစွာ မှုတ်ရင်း သောက်နေလေ၏။

သူ စိတ်ပါလက်ပါလည်း ပြောလာသည်။
အေးချမ်းတဲ့ ဆောင်းရာသီမှာ လက်ဖက်ရည်ပူပူလေး သောက်လိုက်ရတာ အကောင်းဆုံးပဲ...ရေခဲချောင်းတို့ ဆိုဒါအအေးတို့ရယ် နှုတ်ဆက်ပါတယ်

မှန်ပေသည်။ ကလေးငယ်နှစ်ဦးဖြစ်သော နန်နန်းနှင့်ဒရာဂျင်အတွက်မူ ထိုစကားမှာ အသုံးမဝင်ချေ။ သူတို့မှာ ရေခဲချောင်းများ ပျော်ရွှင်စွာ စားနေကြလျက် ရှိသည်။

ရုတ်တရက် ဒရာဂျင် တစ်ခုခု အမှတ်ရသွားဟန်ရှိကာ ပြောလေသည်။
အကိုကြီး ခြံဝင်းထဲက ဘူးသီးနွယ်ပင်မှာ နောက်ထပ်ဘူးသီးတစ်လုံးတောင် ထပ်သီးနေပြီ...

အိုး တကယ်လား....

လီနင်းဖန် သူ၏ လက်ဖက်ရည်ခွက်အားချကာ ခြံဝင်းထဲသို့ လျှောက်သွားတော့သည်။

တကယ် သီးလာတာပဲ...
သူ ဟန်ပါပါပြုံးကာ ဘူးသီးနွယ်တစ်ချောင်းမှ ရွှေရောင်ဘူးသီးတစ်လုံး တွဲလျားကျနေသည်အား တွေ့လိုက်ရသည်။

ရွှေရောင်ဖျော့ဖျော့သည် နေရောင်အောက်တွင် အလင်းပြန်နေကာ ၄င်း၏ အရွယ်အစားမှာ သူ၏ခါးတွင် တွဲလောင်းချည်ထားသော ရွှေခရမ်းရောင်ဘူးသီးခြောက်နှင့် အရွယ်အစားတူတူခန့် ဖြစ်သည်။ သို့ရာတွင် ၄င်းတို့၏ အသွင်အပြင်မှာမူ ခြားနားနေ၏။ ရွှေဘူးသီးမှာ ထူးဆန်းပုံရကာ ရွေစစ်စစ်မှ ပြုလုပ်ထားသော ပစ္စည်းတစ်ခုနှင့် တူနေလေသည်။

လီနင်းဖန် ၄င်းအား ခူး၍ လက်များဖြင့် မလိုက်သောအခါ ၄င်းမှာ အလေးချိန် မရှိသကဲ့သို့ သူ ခံစားလိုက်ရသည်။

ဒီဘူးနွယ်ပင်ရဲ့ ဘူးသီးတွေ သီးတဲ့ပုံစံ က အံ့သြစရာပဲ...ဒီအပင်က ထူးဆန်းတဲ့ စိတ်ဝိဥာဉ်အပင်တစ်ပင်ပဲ ဖြစ်ရမယ်...

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now