#ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အခန်း ၁၂၄
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်ကျုပ် မှားသွားတာ နေမှာပါ လီနင်းဖန် အံအားသင့်သွားမိသည်။ ထို့နောက် သူ ပြုံးလိုက်ကာ ဆက်မပြောတော့ချေ။
သူ အလွန် ဝေဖန်မိသွားသည်။ ချင်မင်ယွင်က သူ၏ ဟင်းချက် လက်ရာကို အလွန်ညွှန်းဆိုခဲ့သောကြောင့် အင်မော်တယ်ကမ္ဘာမှာ ဟင်းပွဲများ နှင့် နှိုင်းယှဉ်မိရုံသာ ဖြစ်သည်။ ထို ဟင်းပွဲများက သူ့လက်ရာ၏ တစ်ဝက်လောက်တောင် မကောင်းပေ။ ဤ ကမ္ဘာရှိ ဟင်းပွဲများသည် သူ့လက်ရာလောက် မကောင်းသည်ကြောင့် သူ့ကိုယ်သူပင် ဂုဏ်ယူမိရသည်။ မည်သို့ပင် ဖြစ်စေ အရသာရှိသည့် အစားအစာများမှာ အဖိုးမဖြတ်နိုင်ဘူး မဟုတ်လော
သူ ခေါင်းခါယမ်းလိုက်ကာ ဝိုင်ခွက်ကို လှမ်းယူလိုက်သည်။ တစ်ငုံမျှ သောက်သုံးလိုက်ပြီးနောက် သူ ဆက်မသောက်တော့ပဲ ချလိုက်ကာ အဝေးသို့ တွန်းပို့လိုက်သည်။
လူငယ်လေး မနေနိုင်ပဲ နောက်တစ်ကြိမ် မေးလာပြန်သည်။
အခု ဘာဖြစ်လို့လဲခင်ဗျား အကြိုက်မတွေ့ပြန်ဘူးလားလီနင်းဖန် အနည်းငယ် တွန့်ဆုတ်ပြီးနောက် ပြောလာသည်။
ဒီဝိုင်ရဲ့ ရနံက သင်းပျံပြီး နှစ်လိုဖွယ် ကောင်းတယ်သေချာပေါက် ထိပ်တန်းအဆင့် ရှိတဲ့ ပါဝင်ပစ္စည်းတွေ နဲ့ လုပ်ထားတာပဲ ဒါပေမဲ့ သူတို့က ဝိုင်အရသာ ရဲ့ သက်ရောက် ရာသီအတွက် ပတ်ဝန်းကျင် အပူချိန်ကိုသာ အရမ်း အာရုံ ထားထားတယ် ။ ဒါကိုသာ လိုက်လျောညီထွေ ဖြစ်အောင် လုပ်နိုင်ရင် ပြီးပြည့်စုံသွားပြီ
လီနင်းဖန်၏ ဝေဖန်ချက်မှာ အဓိပ်ပါယျ ရှိလှသည်မို့ ထို လူငယ်လေး ထိတ်လန့်သွားခဲ့သည်။ သို့သော်လည်း အနည်းငယ် စဉ်းစားပြီးနောက် သူ ခံငြင်းလိုက်လေသည်။
သာမန်လူအတွက်တောင်မှ ဒီဝိုင်က ကောင်းမွန်နေတာ ဖြစ်လို့ ဒါက ဒီမှာ ရှိနေတာပဲမဟုတ်ရင် အင်မော်တယ်ဧည့်ရိပ်သာက ဒီဝိုင်ကို သိမ်းထားစရာ အကြောင်းမရှိဘူးသူက လီနင်းဖန်အား သာမန်လူဟု သိသာစွာ ပြောလိုက်ခြင်း ဖြစ်သည်။ မည်သည့် အတွက်ကြောင့် အင်မော်တယ်များ သောက်သုံးသည့် ဝိုင်အား ဝေဖန်နေရသနည်း။
![](https://img.wattpad.com/cover/286838737-288-k994032.jpg)
VOCÊ ESTÁ LENDO
ကျုပ်ကဆရာကြီး(1-ongoing)
Aventura(Im Actually a Cultivation Bigshot) Action, Advanture, Fantasy, Comedy မူရင်းစာရေးဆရာ - Kinoshita Nakui ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင် Fb page name=Webnovel myanmar translation လီနင်းဖန် သည် သေမျိုးကမ္ဘာ မှ ကျင့်ကြံခြင်း ကမ္ဘာဆီသို့ ကူးပြောင်းရော...