ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အခန်း ၂၂၄
(ငါ့ကိုဘာလို့ သတင်းမပို့တာလဲ)ဖီးနစ်ငှက် ထိတ်လန့်တုန်လှုပ်သွားကာ ဘလက်ကီအား ထူးဆန်းစွာ ကြည့်လိုက်သည်။
နင်ကရော မိစ္ဆာပဲလားငါ ဘာလို့ မသိလိုက်တာလဲ.....
မဟုတ်ပါဘူး...ငါက ခွေးတစ်ကောင်ပါ
ဘလက်ကီ ခေါင်းခါလေသည်။
ငါ့ကိုငါ နင့်ကို မိတ်ဆက်ပေးဖို့ လိုတယ် ထင်တယ်...သေချာနားထောင်ပြီး လိုက်မှတ်....ပြီးတော့ အချိန်တိုင်း လေ့လာနေ...အခုပြောမှာက အရေးကြီးတယ်ငါက သာမန်ခွေးနက် တစ်ကောင်ပဲ...ပြီးတော့ ကိုးမြီးမြေခွေးကလည်း သာမန်မိန်းမတစ်ယောက်ပဲ...ဟိုနားက ကောင်ကလည်း ဥ ဥတတ်တယ် ကြက်တစ်ကောင်ပေါ့...နင့်ဘေးနားက ပစ္စည်းတွေကလည်း ရေခဲသေတ္တာနဲ့ ကျောက်ဆောင်ဥယျာဥ် ပဲ....ရေထဲမှာ ရှိနေတဲ့ ပစ္စည်းက ဖိစက်လို့ခေါ်တယ်...ဟိုမှာ တွေ့ရတဲ့ အလုံးနှစ်လုံးက တယ်လီဗေးရှင်းနဲ့ မီးခြစ်ပေါ့
ဖီးနစ်မီးငှက် အသေအချာ နားထောင်နေကာ မျက်လုံးများ ကလည်ကလည်ဖြစ်နေသည်။ သူမ မည်သည့် အဖွဲ့အစည်း အတွင်းသို့ ရောက်ရှိနေရသနည်း။
စိတ်အတွင်းဘက်တွင် သူမတုန်ရင်နေသော်လည်း အသေအချာ နားထောင်နေမိသည်။
ရွေးချယ်စရာ မရှိတော့ပေ။ ဤနေရာတွင် အသက်ရှင်ချင်ပါက ဆရာကြီး၏ စိတ်တိုင်းကျ နေထိုင်ရပေမည်။
အခန်းထဲတွင် ဖြစ်သည်။
လီနင်းဖန် သူ၏ လက်ထဲတွင် ပန်းကန်လုံးလေးအား ပိုက်ထားသည်။ သူ လုံးဝ စိတ်လှုပ်ရှားနေ၏။
ဤသည်မှာ ဖီးနစ်ငှက်၏ သွေးများ ဖြစ်သည်။ သူသည် အမြဲတမ်း နုပျိုနေလျက် နှစ်ထောင်ချီ ရှင်သန်နေချင်မိသည်။
၄င်းက လူတိုင်း စိတ်ကူးယဥ်ခဲ့ကြဖူးမည့် အိပ်မက်ပင် ဖြစ်သည်။
ဤ အင်မော်တယ် ကမ္ဘာသို့ ရောက်ခဲ့ပြီးကတည်းက ယခု အခိုက်အတန့်သည် အကြီးမားဆုံး ကောင်းချီးမင်္ဂလာ ဖြစ်သည်ဟု လီနင်းဖန် ခံစားနေရသည်။
သူ တကျီအား ကြည့်လျက် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
တကျီ ဒါက ဖီးနစ်ငှက်ရဲ့ သွေးတွေလေ....ဒါက ငါတို့ရဲ့ ငယ်ရွယ်မှုတွေကို နှစ်ထောင်ချီ ထိန်းထားနိုင်လိမ့်မယ်...သောက်လိုက်ကြရအောင်...ဒါသောက်ပြီးရင် ငါတို့အသက်တွေ ပိုရှည်သွားတော့မှာ
YOU ARE READING
ကျုပ်ကဆရာကြီး(1-ongoing)
Adventure(Im Actually a Cultivation Bigshot) Action, Advanture, Fantasy, Comedy မူရင်းစာရေးဆရာ - Kinoshita Nakui ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင် Fb page name=Webnovel myanmar translation လီနင်းဖန် သည် သေမျိုးကမ္ဘာ မှ ကျင့်ကြံခြင်း ကမ္ဘာဆီသို့ ကူးပြောင်းရော...