64

1.3K 185 2
                                    

Uni
=======
#ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အခန်း ၆၄
(တုန်လှုပ်စရာတစ်ခု)

က်လိ က်လိ က်လိ....

ကောင်းကင်ယံတွင် ငှက်များမှာ စုဝေးလာခဲ့ပြီး အချိန်နှင့်အမျှ များပြားလာခဲ့ကာ စက်ဝိုင်းတစ်ခုအလား ဖွဲ့တည်သည်။ ၎င်းတို့က ထူးခြားသည့်စက်ဝန်းတစ်ခုအလား လီနင်းဖန်၏ လေးပါးသော ဗိသုကာစံအိမ်အထက်၌ ပျံဝဲနေကြသည်။

လီနင်းဖန်ကောင်းကင်ယံသို့ မော့ကြည့်လိုက်ပြီး ငှက်များကိုမြင်သည်တွင် အတိတ်နေ့ရက်များကို သတိရမိလိုက်သည်။

သူ အထိုအဖြစ်ပျက်အား မမြင်ရသည်မှာ အတော်လေး ကြာခဲ့ပြီဖြစ်သည်။ သူ၏စွမ်းရည်သည် အဆင့်တစ်ဆယ်အား ကျော်လွန်ပြီးနောက်  ထိုကဲ့သို့သော အဖြစ်ပျက်များ မဖြစ်လာတော့ချေ။

ယခင်က သူ့ကိုယ်သူ ဂုဏ်ယူမိခဲ့သည်။ သူစနစ်မှ ပြောသည့် ထိပ်ဆုံးအဆင့်သို့ ရောက်သွားသည်တွင် သူ အလွန်အမင်းဝမ်းသာသွားခဲ့၏။ သို့သော်လည်းပဲ အဆင့်တစ်ဆယ်အား ကျော်ဖြတ်ပြီးနောက် ထိုမြင်ကွင်းမှာမရှိတော့ချေ။ စနစ်ကသူ့အား ဂျင်းထည့်ခဲ့သည်လားဟုပင် ခံစားမိခဲ့သည်။

ချင်မင်ယွင်က ကောင်းကင်ယံအားမော့ကြည့်လိုက်သည်။  သူမ၏မျက်လုံးထဲတွင် လေးစားခြင်း ဂုဏ်ယူခြင်းများဖြင့် ပြည့်နှက်နေခဲ့သည်။ သူမဆရာ၏အဆင့်အား သူမ ဘယ်အချိန်မ ှရောက်နိုင်တော့မည်ကို မသိချေ။

နောက်ဆုံး ဂီတ သံစဉ်မှာ အဆုံးသတ်သွားပြီးနောက် လေပြင်းများသည်လည်း တည်ငြိမ်သည်ထက် တည်ငြိမ်လာခဲ့သည်။ လျောင်မန်ကျိ၏ မျကိလုံးထဲတွင် စိတ်လှုပ်ရှားမှုများ ထွက်ပေါ်နေ၏။ သူက စိတ်ဝိညာဉ်တူရိယာအား တကယ်ပင် တီးခတ်နိုင်ခဲ့သည်။

ယခု ချက်ချင်း သေသွားရမည်ဆိုပါက သူ့တစ်ဘဝလုံး နောင်တ ရစရာမရှိတော့ချေ။

ထိုကဲ့သို့သော အခွင့်ရေးပေးခဲ့သည့်အတွက် လီနင်းဖန်အား ကျေးဇူးတင်နေမိသည်။ သူထရပ်လိုက်ကာ လီနင်းဖန်အားကြည့်သည်။  အချို့သော ထောက်ပြချက်များ ရမလားဟု မျော်လင့်ချက်များ သူ့အကြည့်တွင်ပြည့်နှက်နေခဲ့၏။

ကျုပ်ကဆရာကြီး(1-ongoing)Où les histoires vivent. Découvrez maintenant