ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အပိုင်း ၁၈၆
(တံတားကျိုးရသည့် အကြောင်းအရင်း)စင်စစ်အားဖြင့် မီးငှက်သည် ၎င်းအား ပထမဆုံးအကြိမ် အင်မော်တယ်ဘုံသို့ ပို့ခဲ့တုန်း ကလည်း ဤနည်းတူ ပြုလုပ်ခဲ့ဖူးသည်။ ဂူချင်းချန်၏ ခုခံမှု မကောင်းခဲ့လျှင် မိုးပြာမြို့တော်သည် ယခုအချိန်တွင် မီးပင်လယ် ဝေနေခဲ့ပြီ ဖြစ်လေ၏။
ဂူချင်းချန် မျက်မှောင် မကျုံ့ထားဘဲ မနေနိုင်တော့ပေ။
ခင်ဗျား အပြုအမူတွေကို ဆင်ခြင်ဖို့ပဲ ကျုပ်ပြောချင်တယ်... ခင်ဗျား ကောင်းကောင်းမွန်မွန် နေလို့ ဆရာကြီး သဘောကျရင် ခင်ဗျားအတွက် အခွင့်ထူးကြီးပဲ... အကယ်၍ ဆရာကြီး သဘောမကျရင်တော့ ခင်ဗျားအဆုံးသတ်က လှမှာမဟုတ်ဘူး....အဓိပ်ပါယျ မရှိတာတွေ... ဒီလို သာမန်ဘုံမှာ ဆရာကြီးဆိုတာ ရှိသေးတယ်ပေါ့ ... မင်းတို့လို အောက်တန်းစားတွေက ကြီးကြီးကျယ်ကျယ် မမြင်ဖူးမှန်း သိသာလိုက်တာ၊ အခွင့်ထူးကြီး ဟုတ်လား.... ကျုပ်ကို ကြည့်စမ်း... အဲ့ဒီအခွင့်အရေးဆိုတာကို လိုအပ်တဲ့ ပုံများ ပေါက်နေလို့လား.... မီးငှက်မိစ္ဆာက အေးစက်စွာ သရော်လိုက်သေးသည်။
ထို့နောက် ၎င်းမှာ ဂူချင်းချန်ပေါ်တွင် အတောင်ကို တဖျက်ဖျက်ခတ်ကာ မောက်မာစွာ ကြေညာလိုက်၏။
ကျုပ်က ဖီးနစ်ရဲ့ သွေးဆက်ပဲ၊ ကျုပ်က မြင့်မြတ်စွာ မွေးဖွားလာခဲ့တာ.... အထက်ဘုံမှာတောင် ကျုပ်ကို ဘယ် အင်မော်တယ်မှ လက်ညိုးထိုးပြီး မပြောရဲဘူး.... ကျုပ်ကို ဒီလိုလာပြောနေရအောင် မင်းက ဘာကောင်လဲ....ဂူချင်းချန်သည် ဤမောက်မာကာ ဘဝင်လေဟက်နေသော မီးငှက်ကို သင်ခန်းစာ တစ်ခု ပေးလိုက်ချင်သည်။ သို့သော်လည်း ၎င်းမှာ ဆရာကြီး၏ အိမ်မွေးတိရစ္ဆာန် ဖြစ်နိုင်သည့် ဖြစ်နိုင်ချေ ရှိနေသေးရာ ထိုအကြောင်းကို စဉ်းစားကာပင် ဒေါသကို မျိုချနေရ၏။
သူ ထိန်းသိမ်းထားဦးမှ ဖြစ်ပေမည်။ မီးငှက်မိစ္ဆာသည် ဆရာကြီး၏ စီးတော်ယာဉ် ဖြစ်သွားခဲ့လျှင် သူ့အဆင့်အတန်း လည်း အလိုအလျောက် မြင့်သွားပေလိမ့်မည်။ ထို့ကြောင့် သူ့အနေဖြင့် မီးငှက်မိစ္ဆာအား မခန့်လေးစား ပြုလုပ်လိုက်ရန် မသင့်တော်တော့ပေ။
![](https://img.wattpad.com/cover/286838737-288-k994032.jpg)
VOUS LISEZ
ကျုပ်ကဆရာကြီး(1-ongoing)
Aventure(Im Actually a Cultivation Bigshot) Action, Advanture, Fantasy, Comedy မူရင်းစာရေးဆရာ - Kinoshita Nakui ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင် Fb page name=Webnovel myanmar translation လီနင်းဖန် သည် သေမျိုးကမ္ဘာ မှ ကျင့်ကြံခြင်း ကမ္ဘာဆီသို့ ကူးပြောင်းရော...