#ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အခန်း (၉၅)
(ဘယ်သူသဘောတူမလဲ ဘယ်သူဆန့်ကျင်မလဲ)ကျားမိစ္ဆာမှာ ခြောက်မြှီးမြေခွေးလေး၏အနားသို့ နီးသည်ထက် နီးကပ်လာခဲ့သည်။ ထိုစဉ် ရုတ်တရက်
ကျောက်စိမ်း ဆွဲပြား က တောက်ပလာခဲ့ပြီး အနီရောင် အလင်းတန်းတို့ ထုတ်လွှတ်သည်။ ၎င်းတို့က ရုတ်ချင်း
ကြီးမားသည့် မီးတောက်အသွင် ကူးပြောင်းသွားခဲ့၏။ရွှန်း...
ကျယ်လောင်သည့် ငှက်အော်သံနှင့်အတူ မီးတောက်ထဲမှ ဖီးနစ်ငှက်တစ်ကောင်ထွက်ပေါ်လာပြီး အတောင်ပံများကိုဖြန့်ကျက်သည်။ အနီရောင်မီးတောက်များက တောတစ်ခုလုံးအား လင်းထိန်သွားစေ၏။
ရုတ်တရက် ထိုနေရာတစ်ခုလုံးက မီးတောက်များနှင့် ပြည့်နှက်နေသည့် ကမ္ဘာတစ်ခုအလား ဖြစ်သွားခဲ့သည်။ရှိနေကြသော မိစ္ဆာများမှာ ကြောက်ရွံသွားကြ၏။ သူတို့၏ မျက်လုံးထဲပင်လျှင် ထိုမီးတောက်များက
ထင်ဟပ်နေသည်။ မြင့်မားသည့်အပူချိန်ကြောင့် သူတို့ ကိုယ်၌ပင် ချွေများရွှဲနစ် သွားလေသည်။ဒါ...ဒါ....ဖီးနစ် ဝိညာဉ်လား....
ကျားနတ်ဆိုးမိစ္ဆာမှာ အေးခဲသွားသည်။ ထိုဖီးနစ်က သူ့ထံသို့ ပြေးလာနေ၏။ သေခြင်းအငွေ့အသက်တို့က သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။
ဝေါင်း.....
နောက်ဆုံး သူ၏စွမ်းအားအကုန်သုံးကာ ဟိန်းဟောက်လိုက်ပြီး ရွှေအမြူအတေအား ပါးစပ်ထဲမှ ထုတ်လိုက်သည်။ ထို အမြုတေက မယုံနိုင်စွာ တောက်ပလာ၏။ ရုတ်တရက် မိစ္ဆာမုန်တိုင်း တစ်ခုမှာ သူ့အား ဝန်းရံလာလေသည်။
ဖီးနစ်ငှက်က သူ၏အတောင်ပံအား ဖြန့်ကျက်လိုက်၏။
ရွမ်း....
မီးတောက်များက ကြီးမားသည့် မြွေကြီးများအလား ထိုမုန်တိုင်းထဲသို့ တိုးဝင်သွားကာ အရာအားလုံးအား
ဝါးမျိုသည်။ မိစ္ဆာတိုင်း ထိုမြင်ကွင်းအား ကြည့်နေမိ၏။ ကျားမိစ္ဆာမှာ အသံတစ်သံပင်မထွက်နိုင်ပဲ မီးတောက်များ၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်။ သူ၏ကြီးမားသော ခန်ဓါကိုယျမှာ မီးတောက်များအကြား ပျောက်ကွယ်သွားခဲ့ပြီး မည်သည့်အရာမှ ကျန်ရှိခဲ့ခြင်းမရှိချေ။
YOU ARE READING
ကျုပ်ကဆရာကြီး(1-ongoing)
Adventure(Im Actually a Cultivation Bigshot) Action, Advanture, Fantasy, Comedy မူရင်းစာရေးဆရာ - Kinoshita Nakui ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင် Fb page name=Webnovel myanmar translation လီနင်းဖန် သည် သေမျိုးကမ္ဘာ မှ ကျင့်ကြံခြင်း ကမ္ဘာဆီသို့ ကူးပြောင်းရော...