197+198+199+200

1.1K 142 0
                                    

ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အခန်း - ၁၉၇
(နိုင်ငံတော်)

လီးနင်းဖန်က တွေးတောနေသည့်ဟန်ဖြင့် ကြည့်လိုက်သည် ။ သာမန်အားဖြင့် ထိုကဲ့သို့သော ယဉ်ကျေးသူများမှာ တော်ဝင်မိသားစု မှ လာကြသည် ။

ကျိုးယွမ်ဝူက သူ၏ အင်္ကျီစ ကိုခေါက်လိုက်ကာ ဟန်ဆောင်ခြင်း မရှိစွာဖြင့် ပြောလာလေသည် ။

ဆိုင်ပိုင်ရှင်ရေ ကျွန်တော့ကို ဖက်ထုတ်ပြုတ် ပွဲ အနည်းငယ်လောက် ချပေးပါ

လီနင်းဖန် သိချင်စွာဖြင့် မေးလာသည် ။
သခင်လေးကျိုး ကျုပ်ကို သိလို့လား

ကျိုးယွမ်ဝူမှာ ခေါင်းခါယမ်းလိုက်ပြီး

မဟုတ်ပါဘူး ၊ကျုပ် ခင်ဗျားအကြောင်း ကြားဖူးယုံပါ

အထူးသဖြင့် ခင်ဗျား ကိုယ်ဝန်ဆောင် အမျိုးသမီးကို ကယ်လိုက်သည့် မတော်တဆမှုက နေပေါ့ သခင်လေးလီ . ကျုပ်အရမ်းကို အထင်ကြီးမိပါတယ်

ကျုပ်ကံကောင်းသွားခဲ့တာပါ လီနင်းဖန် အမှု မထားဟန်ဖြင့်ပြောကာ ဆက်လက်မေးလာလေသည် ။

ဒါနဲ့ ကျုပ်ကိုဘယ်လိုမှတ်မိတာလဲ

ကျိုးယွမ်ဝူ ရယ်မောလိုက်ကာ သခင်လေးလီ ၏ အမျိုးသမီးက နတ်သမီးတွေ ထက်တောင် လှတယ်လို့ လူတိုင်းက ပြောနေကြတယ်  ဒါကြောင့်မို့ ရှာရ အရမ်း လွယ်ကူသွားတာပေါ့

ကျုပ်သိပြီ လီနင်းဖန် ခေါင်းခါယမ်းကာ ရယ်မောလိုက်သည်။ သူ ဒီအနီးတစ်ဝိုက်၌ ကျော်ကြားနေခဲ့ သည်လော ။

သခင်လေးခင်ဗျားရဲ့ဖက်ထုတ်တွေပါ  ဆိုင်ပိုင်ရှင်က စားပွဲပေါ် သို့ ဖက်ထုတ်ပြုတ်ပွဲများ လာချပေးသည် ။

ကျိုးယွမ်ဝူက လီနင်းဖန်အား ကြည့်လိုက်ပြီး ဖက်ထုတ် ပြုတ်များအား ရှေ့၌ တိုးပေးလိုက်သည် ။

သို့သော် လီနင်းဖန်က သူ၏ ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်၏ ။
သခင်လေးကျိုး ကျုပ်တို့ စားပြီးသွားပါပြီ

ဒါဆိုလည်း ကျုပ်စားတော့မယ် ကျိုးယွမ်ဝူ က သူ၏ နှာခေါင်းဖြင့် အနံခံလိုက်သည် ။

ကျုပ်ကဆရာကြီး(1-ongoing)Donde viven las historias. Descúbrelo ahora