73

1.2K 186 7
                                    

Uni
=====
#ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အခန်း ၇၃
(ဆရာကြီးက ငါ့ကိုအပြစ်ပေးနေတာပဲ...)

နတ်သက်ကြွေနတ်ဆိုးဓါးက လုံလောက်စွာ ကောင်းမွန်ခြင်း မရှိသည်လော...

၎င်းမှာ မဖြစ်နိုင်ချေ။

လင်မုဖန်း နတ်သက်ကြွေ နတ်ဆိုးဓါးအား
ကြည့်ပြီးနောက် ထင်းတုံးအား ကြည့်လိုက်သည်။

သောက်ကျိုးနဲ...

သူထခုန်လုမတက် ဖြစ်သွားမိ၏။

''စိတ်... စိတ်...ဝိညာဥ် သစ်သား...''

ငါဘာလုပ်မိခဲ့တာလဲ...စိတ်ဝိညာဥ်သစ်သားကို ထင်းခွဲ လိုက်မိတယ်လား...

စိတ်ဝိညာဥ် သစ်သားမှာ အခြားသော လက်နက်များနှင့် ပစ္စည်းများ လုပ်ရန်အတွက် အဆင့်မြင့်အရည်အသွေး ရှိသည့် ပါဝင်ပစ္စည်း ဖြစ်သည်။ ၎င်းက ရရှိရန်ပင် ခက်ခဲလှ၏။

နတ်သတ်ကြွေနတ်ဆိုးဓါးအား ထင်းခွဲသည့်နေရာ၌ အသုံးပြုရခြင်းမှာ အံ့သြစရာမရှိတော့ချေ။

ဒါ့အပြင် စိတ်ဝိညာဥ်သစ်သားကို ဆရာကြီးက
ထင်းအဖြစ် အသုံးပြုနေသည်လော...။

ဒါ...ဒါ....

လင်မုဖန်း၏ ကမ္ဘာတစ်ခုလုံး ချာချာလည်သွားကာ ဆရာကြီးများ၏ အစစ်မှန်ကမ္ဘာနှင့် အလွန်အမင်း ကွဲပြားလှသည်ဟု ခံစားရခဲ့သည်။ သူမနေနိုင်ပဲနှင့် တောက်လောင်နေသည့် မီးပုံအား လှမ်းကြည့်မိလိုက်၏။

လင်ချင်းယွင်မှာ ဆရာကြီးအား ကူညီ၍ မီးထည့်ပေးနေသည်။ သူမက သူမတာဝန်အား ကျေပွန်စွာယူပြီး ထင်းများကိုယူကာ မီးပုံထဲထည့်၍ အားဖြည့်ပေးနေ၏။ သူမ မီးပင် မှုတ်ပေးနေခဲ့၏။

ဒီမီးတောက်တွေ...

မီးနဂါးပုလဲလုံးရဲ့ မီးတောက်တွေလား...
ကြောက်ဖို့ကောင်းပြီး တုန်လှုပ်စရာကောင်းလိုက်တာ...

သူ၏ကျောပြင်တစ်လျောက် အေးစက်သွားခဲ့သည်။
သူ့ခေါင်းတစ်ခုလုံး ရှုပ်ထွေးနေမိ၏။

ငါလင်းယွင် အင်မော်တည် ခုံရုံးရဲ့ ဂိုဏ်းခေါင်းဆောင်မဖြစ်ချင်တော့ဘူး...ငါ သစ်ခုတ်သမားပဲ ဖြစ်ချင်တော့တယ်...

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now