Uni
=======
#ကျုပ်ကဆရာကြီး
ဘာသာပြန်သူ - တင်အောင်ခိုင်
အခန်း ၄၉
(စစ်တုရင်ခုံပေါ်မှ ပွန်းရုပ်တစ်ရုပ် ဖြစ်လာသည်)နောက်ဆုံးတွင် အားလုံး မျှော်လင့်စောင့်စားနေသော မုန့်ကျွင်းလျန့့် စားသောက်ဆိုင်အတွင်းသို့ လျှောက်လာခဲ့သည်တွင် ချင်မင်ယွင်မှာ စိတ်အားထက်သန်စွာဖြင့် စူးစိုက်ကြည့်နေလေသည်။
လေထဲတွင် ပျံ့လွင့်သွားသော မုန့်ကျွင်းလျန့်၏ အသံနှင့်အတူ ထိုနေရာတစ်ခုလုံးမှာ တိတ်ဆိတ် ငြိမ်သက်သွားလေသည်။
ကျောက်စိမ်းဧကရာဇ်ဟာ နတ်ဘုရားတွေကို သင့်တော်တဲ့ အဖွဲ့တွေ ဖွဲ့ ကြဖို အမိန့်ပေးလိုက်တယ်....ချင်သုံးပါး၊ ဝေ လေးပါး၊ လောင်ငါးပါး၊ စီ ခြောက်ပါး၊ ယွမ် ခုနစ်ပါး၊ ကျီရှစ်ပါး၊ ယောင် ကိုးပါးနှင့် တု ဆယ်ပါး တို့့ အဖြစ် ဖွဲ့စည်းလိုက်ကြတယ်
ထောင်ပေါင်းများစွာသော သူတော်စင် နတ်ဘုရားတွေဟာ ဗုဒ္ဓကို ကျေးဇူးတင်ကြဖို ပြုလုပ်တဲ့ အခမ်းအနားကို တက်ရောက်ခဲ့ကြတယ်..... လေးပါးသော ကောင်းကင် စောင့်ရှောက်သူများ၊
နတ်သမီးကိုးဖော်၊ ရွှေရောင်ဂိတ်စောင့်နတ်ဘုရား၊ ထျဲရွှမ်ရတနာနန်းတော် နဲ့ တောင်ပိုင်း ယန်ကျောက်စိမ်းနန်းတော်က ကောင်းကင်နတ်ဘုရားများ တက်ရောက်ကြတယ်......သူတို့့က ဗုဒ္ဓကို ကျောက်စိမ်း ခုနစ်ပါး ပလ္လင် ပေါ်မှာ စံမြန်းစေတယ်....ကျန်ရှိတဲ့သူတွေလည်း နေရာယူလိုက်ကြပြီး သူတို့ဟာ ဗုဒ္ဓကို နဂါးအသည်း၊ ဒဏ္ဍာရီဖီးနစ်ငှက်ရဲ့ ရိုးတွင်းချင်ဆီ၊ ကျောက်စိမ်း အဆီအနှစ်စွမ်းအားရှိတဲ့ မက်မွန်သီးတွေကို ဆက်သတယ်.....ရက်ရောလွန်းလှသော ကျေးဇူးတင် အခမ်းအနား အကြောင်းအား ပရိတ်သတ်များမှာ စိတ်ဝင်စားစွာ တွေးတော နေမိသည်။ ဤသည်မှာ ပုံပြင်တစ်ပုဒ်မျှသာ ဖြစ်သော်လည်း အားလုံးမှာ မည်သည့်အသံမျှပင် မထွက်လျက် တိတ်ဆိတ်နေကာ နားထောင်နေလေသည်။
အခမ်းအနားတွင် တက်ရောက်လာသူများ၏ နာမည်နှင့် ရာထူးများမှာ ပရိတ်သတ်များအား ရှုပ်ထွေးစေကာ သူတို့မှာ စိတ်ကူးဖြင့် ပုံဖော်ကြည့်၍ မရနိုင်တော့ လောက်အောင် ဖြစ်ရပေသည်။
ESTÁS LEYENDO
ကျုပ်ကဆရာကြီး(1-ongoing)
Aventura(Im Actually a Cultivation Bigshot) Action, Advanture, Fantasy, Comedy မူရင်းစာရေးဆရာ - Kinoshita Nakui ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင် Fb page name=Webnovel myanmar translation လီနင်းဖန် သည် သေမျိုးကမ္ဘာ မှ ကျင့်ကြံခြင်း ကမ္ဘာဆီသို့ ကူးပြောင်းရော...