ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အပိုင်း ၁၈၂
(ကလိမ်ကကျစ်ကျတာ သိသာနေတာပဲ )ကျင့်ကြံသူ ရှစ်ဦးမှာ အေးစက်စက် သရော်နေလိုက်ကြသည်။ တိုက်ပွဲ တွင်းသို့ လှေ ရောက်ရှိလာမည်ကို သူတို့သေချာ သိနေကြ၏။
သို့သော်လည်း အချိန်ခဏမျှ ကြာသောအခါ သူတို့အားလုံး ဆွံ့အ ရပ်တန့် မိနေကြတော့သည်။
သူတို့ရှစ်ယောက်မှာမူ စွမ်းအင်ဝိညာဉ် ငါးခုနှင့် အသည်းအသန် တိုက်ခိုက်နေရသည်။ ထို ပြင်းထန်သော တိုက်ပွဲ သည် လှေ၏အပေါ် လေထဲတွင် သာ ဖြစ်နေခြင်း ဖြစ်၏။ သို့သော်ငှား လှေမှာမူ မထိနိုင် မတွေ့နိုင်သော အရာတစ်ခု ကဲ့သို့ ဝင်ပေါက်ဆီကို တည်ငြိမ်အေးဆေးစွာ ပင် မျောပါ သွားခဲ့သည်။
ထို့အပြင် တိုက်ဆိုင်စွာပင် တိုက်ပွဲ၏နောက်ဆက်တွဲ အနိဋဿဌာရုံ များသည် လှေပတ်ပတ်လည်တွင်သာ ဖြစ်ပေါ်နေလျှက် ရှိရာ လှေအား ကောင်းကောင်းမွန်မွန် လုံခြုံစွာ ဖြတ်သန်းသွားနိုင်ရန်အတွက် အချိန်တိုင်း အကူအညီ ပေးနေသကဲ့သို့ ရှိလေ၏။
လှေမှာ ဘေးအန္တရယ် အတွင်းမှ မလွတ်မြောက်နိုင်သော အခါတွင်လည်း စိတ်စွမ်းအင် ဝိညာဉ်တစ်ခုဖြစ်စေ၊ ကျင့်ကြံသူရှစ်ဦး အနက်မှ တစ်ဦးကဖြစ်စေ လှေပေါ် ကျရောက် လာမည့် တိုက်ခိုက်မှုများကို ကာကွယ်ပေးရမည့် ဒိုင်းသဖွယ် ဖြစ်ပေးရမည့် အခြေအနေ ဖြစ်နေတော့၏။
နောက်ဆုံးတွင်တော့ ကျင့်ကြံသူများလည်း သည်းမခံနိုင်တော့ဘဲ အော်ပြောလိုက်သည်။
ခင်ဗျားတို့ ငါးယောက် ကန်းနေတာလား ... ဝင်ပေါက်ကို ဒီလောက်လှေအကြီးကြီး က ဝင်တော့မယ်လေ...စိတ်ဝိညာဉ်များက ခြောက်ကပ်ကပ် သရော်သံဖြင့် ယုံကြည်မှု ရှိစွာ ပြန်ဖြေသည်။
အဓိပ်ပါယျ မရှိတာ... ကျုပ်တို့ လက်ကနေ ဘယ်သူမှ လွတ်မသွားစေရဘူး.... အရူးလုပ်ဖို့ကြိုးစားမနေနဲ့ ...ကျင့်ကြံသူရှစ်ဦးမှာ မျက်နှာများနီရဲ လာကာ သွေးပင် အန်ထွက်မတတ် ဖြစ်နေကြ၏။
ခင်ဗျားတို့ ဟန်ဆောင်နေတာလား... ဒါမှမဟုတ် တကယ်ပဲ ကန်းနေတာလား.... သူတို့ ကလိမ်ကကျစ် ကျနေတာပဲ ...
![](https://img.wattpad.com/cover/286838737-288-k994032.jpg)
YOU ARE READING
ကျုပ်ကဆရာကြီး(1-ongoing)
Adventure(Im Actually a Cultivation Bigshot) Action, Advanture, Fantasy, Comedy မူရင်းစာရေးဆရာ - Kinoshita Nakui ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင် Fb page name=Webnovel myanmar translation လီနင်းဖန် သည် သေမျိုးကမ္ဘာ မှ ကျင့်ကြံခြင်း ကမ္ဘာဆီသို့ ကူးပြောင်းရော...