52

1.4K 189 0
                                    

Uni
======
#ကျုပ်ကဆရာကြီး
ဘာသာပြန်သူ - တင်အောင်ခိုင်
အခန်း ၅၂
(သခင်လေးလီ၏အရိပ်အမြွက်နှင့် ဂျယ်လီလေးများ)

စိတ်ဝိဥာဉ်ဆေးပင်များ ဖြင့် ပြည့်နှက်နေသော ဥယျာဉ်တစ်ခုအား မြင်လိုက်ရသောကြောင့် သူမတို့မှာ အံ့သြ တုန်လှုပ်နေလေသည်။ လျိုရှီယူနှင့် ချင်မင်ယွင်တို့သည် စားသောက်ဆိုင်တွင် ပြောဆိုခဲ့ကြသော အကြောင်းအရာအား ပြန်လည်တွေးနေမိသည်။

သူ့မှာ မက်မွန်သီးတွေရောရှိနေတာလား....

ထိုမေးခွန်းအတွက် သူတို့မှာ အဖြေ ရှိနေပြီးချေပြီ။

'အနောက်ဘက်သို့ခရီးခြင်း' ပုံပြင်ထဲတွင် ပါသော ကောင်းကင်ဘုရားကျောင်း ထဲ၌ မက်မွန်ဥယျာဉ်တစ်ခု ရှိလေသည်။

လီနင်းဖန်မှာလည်း ပုံပြင်ထဲကလို မက်မွန်ဥယျာဉ်တစ်ခု ပိုင်ဆိုင်နေတာများလား....

ဘယ်လောက်ထိအံ့သြဖို့ ကောင်းလိုက်သလဲ......

သူတို့၏ အရိုးများထဲထိပင် အေးခဲသွားသည်။

ထိုအချိန်တွင် ရှောင်ပိုင်သည် ရေနှစ်ခွက်အား ယူလာသည်။
ရေသောက်ကြပါဦး

ကျေးဇူး

လျိုရှီယူနှင့် ချင်မင်ယွင်တို့သည် ရေခွက်အား ယူလိုက်သည်။ သူတို့နှစ်ဦးမှာ ဝမ်းသာသွားလေ၏။ စိတ်ဝိဥာဉ်ရုပ်သေး ဆီမှ ချိုသာပျူငှာဆုံးသော ဝန်ဆောင်မှုအား ရရှိလိုက်ရသည်မှာ အင်မော်တယ်များပင်လျှင် မနာလို ဖြစ်သွားစေနိုင်သည်။

ချင်မင်ယွင်သည် ဖန်ခွက်ထဲတွင် ရှိနေသော ရေအား ကြည့်လိုက်သောအခါတွင် ၄င်းမှာ သန့်စင်ကြည်လင်လွန်း၍ စိတ်ဝိဥာဉ်ချီ စွမ်းအင် များစွာ ပါဝင်နေလေသည်။

စိတ်ဝိဥာဉ်ရေပဲ.....

ချင်မင်ယွင်လည်း သဘောပေါက်လိုက်သည်။ သူမမှာ တည်ငြိမ်နေစေရန် အစွမ်းကုန် ကြိုးစားနေသော်လည်း စိတ်ဝိဥာဉ်ရေအား သောက်ရန် စောင့်မနေနိုင်တော့ပေ။ ထိုနောက် သူမသည် ရေတစ်ငုံမျှ သောက်လိုက်တော့သည်။

နေမင်းကြီး မှာ တောက်ပ၍ ပူပြင်းနေသော်လည်း ထိုအပူရှိန်မှာ စိတ်ဝိဥာဉ်ရေ ၏ အေးမြမှုကို မကျော်လွှားနိုင်ပေ။ ၄င်းမှာ သူမ၏ နှုတ်ခမ်းပါးများအား စိုစွတ်သွားစေပြီး သူမ၏ လည်ချောင်းတစ်လျှောက်သို့ လျှာဖျားမှ တစ်ဆင့် စီးဆင်းသွားတော့သည်။ ရာသီဥတုကြောင့် ပူလောင်နေမှုများမှာ လုံးဝပင် မရှိတော့သကဲ့သို့ ခံစားလိုက်ရ၏။ သူမအား လန်းဆန်း သွားစေသည်။

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now