Uni
=======
#ကျုပ်ကဆရာကြီး
အခန်း ၄၂
ဘာသာပြန်သူ - တင်အောင်ခိုင်
(လက်ဖက်ရည်လေး တစ်ခွက်ပါပဲ ဒါပေမဲ့ ဉာဏ်အလင်းရတယ် )ချင်မင်ယွင် က ဧကရာဇ်ကို ကြည့်လိုက်သည်။
ဧကရာဇ်လျို ဒါက အရှင့်ရဲ့နယ်မြေပဲ...ကိုးမြီးမြေခွေးကိုရှာဖို့ ရှင့် ကူညီနိုင်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ကျွန်မတို့ ဂိုဏ်းချုပ်ရဲ့ ကိုယ်စား ကျွန်မ လာခဲ့တာပါ...လင်ရှန်းနန်းတော်က ရှင့်ကို ကျေးဇူးတင်နေမှာပါတော်ဝင်ဧကရာဇ် စိတ်ရှုပ်ထွေးသွားသည်။
မင်းဘကြီး ကျေးဇူးတင်လိုက်ပါလား....
မင်းအပေါ်မှာ ငါ ဘာအမှားမှ မလုပ်ခဲ့ဘူး.....ဘာလို့ ငါ့ကို မီးတွင်းထဲ တွန်းချနေရတာလဲ....
ဆရာကြီးဆီက ကိုးမြီးမြေခွေးကို ခိုးယူမတဲ့လား.....သူ တွေးပင် မတွေးရဲချေ။
ကိုးမြီးမြေခွေးကို ဘာလို့ ရှာလဲ ဆိုတာ ပြောပြနိုင်မလား တော်ဝင်ဧကရာဇ် မမေးပဲ မနေနိုင်တော့ကာ မေးလိုက်သည်။
ခဏမျှ စဉ်းစားပြီးနောက် ချင်မင်ယွင် ပြောလာလေသည်။
စိတ်မပူပါနဲ့ ဧကရာဇ်လျို...ကိုးမြီးမြေခွေးကိုရှာတာက မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ မဟုတ်ပါဘူး...သူ့ ကို နာကျင်ဖို့လဲ မရည်ရွယ်ပါဘူး....ကိုးမြီးမြေခွေးက အရမ်းရှားပါးတဲ့ မျိုးစိတ်ပဲ...အခုသူက လူသားအဖြစ် အသွင်ပြောင်းထားတယ်.. အဲ့ဒါက သူမဟာ အင်မော်တယ် တစ်ယောက်ဖြစ်လာဖို့ ကြီးမားတဲ့ အလားအလာပဲ...ဒါ့ကြောင့် သူမကို ကျွန်မတို့လင်ရှန်းဂိုဏ်း ဆီ ဖိတ်ခေါ်ဖို့ ဆန္ဒရှိပါတယ်.... သူမကို အင်မော်တယ်ကျင့်ကြံသူ တစ်ယောက် ဖြစ်လာဖို့ ကျွန်မတို့ သိရှိလေ့လာထားတဲ့ နည်းလမ်းမှန်သမျှ သုံးပြီး လေ့ကျင့် သင်ကြားစေချင်လို့ပါဟူး
တော်ဝင်ဧကရာဇ် သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။ အကယ်၍ ချင်မင်ယွင် သာ မကောင်းသည့် ရည်ရွယ်ချက်ဖြင့် လာခဲ့သည် ဆိုလျှင် သူမကို ထွက်သွားဖို့ စည်းရုံးပြောဆိုရပေမည်။
လင်ရှန်းနန်းတော်အပေါ် အပြစ်ပြုမိမည်ကို သူ ဂရုမစိုက်ပေ။ ယခု တ့ကျီကို ဆရာကြီး ပိုင်ဆိုင်ထားလေသည်။ မည်မျှ စွမ်းအားကြီးမားသော ပုဂ္ဂိုလ် ဖြစ်နေပါစေ ကွမ်းလောင်အင်မော်တယ် နန်းတော်ကို မကောင်းသောရည်ရွယ်ချက်ဖြင့် လာသော ရန်သူများကို တော်ဝင်ဧကရာဇ်မှာ ရှင်းထုတ်ရန် တွန့်ဆုတ်နေမည် မဟုတ်ပေ။
YOU ARE READING
ကျုပ်ကဆရာကြီး(1-ongoing)
Adventure(Im Actually a Cultivation Bigshot) Action, Advanture, Fantasy, Comedy မူရင်းစာရေးဆရာ - Kinoshita Nakui ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင် Fb page name=Webnovel myanmar translation လီနင်းဖန် သည် သေမျိုးကမ္ဘာ မှ ကျင့်ကြံခြင်း ကမ္ဘာဆီသို့ ကူးပြောင်းရော...