87

1.2K 165 7
                                    

Uni
======
#ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အခန်း (၈၇)
(ကော်ဗူးလေးရဲ့ အမှန်ကန်ဆုံး အသုံးပြုနည်း )

လရောင်အောက်တွင် သူတို့နှင့် အလွန်ရင်းနှီးနေသော ဗိသုကာလေးပါးအိမ်တော်လေး၏ ပုံရိပ်မှာ ပေါ်လာခဲ့သည်။ လီနင်းဖန် အသက်ရှင်လျက်ရောက်လာသည့်အတွက်ကြောင့် ထအော်မိမတက်ပျော်သွားသည်။

ကံကောင်းတယ် နောက်ဆုံးတော့ အသက်ရှင်လျက် ငါ ဒီကိုရောက်လာနိုင်ခဲ့ပြီ...
သူသက်ပြင်းတစ်ချက် ချလိုက်ကာ ကောင်းကင်ထက်ရှိ လုံးဝန်းလှသော လမင်းကြီးအား မော့ကြည့်လိုက်သည်။

အင်း တော်တော်လှတာပဲ....
တ့ကျီလည်းပဲ လီနင်းဖန်ကိုကြည့်၍ ပြောလိုက်သည်။

"သခင်လေးလီ အခုတော်တော်နောက်ကျနေပြီ  သွားအိပ်ကြရအောင်..."

လီနင်းဖန်လည်း ခေါင်းငြိမ့်လိုက်ကာ
"အင်း အခုက အိပ်စက်ရမယ့် အချိန်ပဲ...."

တ့ကျီ ခေါင်းလေးငုံကာ ညင်သာစွာမေးလာသည်။
"ကျွန်မ ရှင့်အတွက် တစ်စုံတစ်ခု လုပ်ပေးနိုင်တာများ ရှိနိုင်မလား..."
"ငါ့အတွက် တစ်စုံတစ်ခု လုပ်ပေးမယ် ဟုတ်လား" လီနင်းဖန် အနည်းငယ် မှင်သက်သွားသည်။
ထိုရှေးခေတ်အမျိုးသမီးများက တော်တော်လေးကို  ကြင်နာတက်လွန်း၏။ သူပြုံးလိုက်ကာ
"အခုလို ညလယ်အချိန်ကြီးမှာ လုပ်စရာ ဘာရှိမှာမို့လဲ  သွားပြီးသာ အနားယူပါ"
(TL Note _ ဒါကြောင့်မို့ စော်မရတာ )

ခဏအကြာတွင်လည်း သူသည်လည်းအိပ်ယာထဲ ဝင်သွားပြီး လမ်းတစ်လျောက် ကြောက်ရွံ့လာခဲ့မှုအား ပြန်တွေးလိုက်သည်။ သူသက်ပြင်းချလိုက်ကာ

ငါ ကျင့်ကြံသူတချို့ကို သိပေမယ့်လည်း သူတို့ကို ငါ့ကို ကာကွယ်ဖို့ တောင်းဆိုလို့ မဖြစ်ဘူး....နန်နန်း သာ ကျင့်ကြံသူကြီး တစ်ယောက်ဖြစ်လာဖို့ မျှော်လင့်ရတော့မှာပဲ ဒါဆိုရင် သူမရဲ့ မိတ်ဆွေဟောင်းကြီး ဖြစ်တဲ့ ငါ့ကိုကာကွယ်ပေးဖို့ ငါပြောလို့ရတယ်....

အီဇူမိုတောင်.

လင်မုဖန်းနှင့် စွန်းအဖိုးကြီးမှာ စိတ်ရှုပ်ထွေးနေဟန် ရသည်။ သူတို့က လမ်းကျဉ်းလေးထဲသာ ဆက်လက်လျှောက်လမ်းနေခဲ့သည်။ သူတို့ပထမဆုံးဝင်သည့် အခါ လူတိုင်း၏ အာရုံစိုက်မှုကို ခံရသည်။ ထို့ကြောင့်မို့ သူတို့က အခြား ပြသနာမဖြစ်စေရန် ရှောင်ဖယ်ကာ သွားနေခဲ့၏။

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now