Uni
======
ကျုပ်ကဆရာကြီး
အခန်း ၃၄
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်ဗိသုကာလေးပါး စံအိမ်လေးတွင်..
အိမ်လေးမှာ အသက်ဝင်လာသောကြောင့် လီနင်းဖန် စိတ်ထဲ တော်တော်လေး သက်တောင့်သက်သာ ဖြစ်နေမိသည်။
နှစ်ပေါင်းများစွာ ကြာသည်အထိ သူ တစ်ယောက်တည်း နေထိုင်ကာ အထီးကျန်မှု အား ခံစားလာခဲ့ရ၏။ ယခု သူ့ထံ ဧည့်သည်များ ရှိလာသော်လည်း သူတို့မှာ ကျင့်ကြံသူများသာ ဖြစ်သည်။ ယေဘုယျ ကျကျ ဆိုရမည်ဆိုလျှင် သူတို့ က ကောင်းကင်တစ်ခုတည်းမှ လူများ မဟုတ်ကြပေ။
သို့သော်လည်း ယခု၌ သူ့အိမ်လေးတွင် အလွန်လှပသော ဒုတိယ သခင်မလေး တစ်ဦး ရှိလာလေပြီ။ လီနင်းဖန် မှာ အသွင်အပြင်အား မကြည့်တက်သော်လည်း ကြင်သူသက်ထားလေးသာ အလွန်လှပနေမည်ဆိုပါက ငြင်းပယ်မိမည် မဟုတ်ပေ။
အခြားတစ်ဖက်တွင် လီနင်းဖန် မှာ တကျီ အား အိမ်ရှိအရာများ နှင့် မိတ်ဆက်ပေးနေလေသည်။ ထင်မှတ်ထားသလိုပင် တကျီ မှာ မြင်မြင်သမျှ အရာရာတိုင်း အံအားသင့်ရ၏။ ထိုသည်အား မြင်သည်တွင် လီနင်းဖန် တစ်ယောက် ပို၍ ဝံ့ကြွားလာမိသည်။ ၄င်းတို့ အားလုံးမှာ စနစ်မှ သူ့အား ပေးခဲ့ခြင်း ဖြစ်ပေသည်။ စနစ်က တစ်ခါတစ်ရံ သူ့အား တင်းကြပ်သော်လည်း အရည်အသွေး အမြင့်ဆုံး ပစ္စည်းများသာ သူ့အား ပေးခဲ့သည်။ သူ့အိမ်တွင်းရှိ ပရိဘောဂ နှင့် အပြင်အဆင် ဒီဇိုင်းအများစု မှာ အရင်ဘဝ မှ မှီငြမ်းထားခြင်း ဖြစ်သည်။ ကျင့်ကြံသူများ မှာ လာသည့်အခါတိုင်း အထင်ကြီးရသည်။ ထို့အတွက်လည်း သူ့ကိျုယျသူ ဂုဏ်ယူမိ၏။
ထို့နောက်တွင် တကျီအား မိသားစုဝင်များ နှင့် မိတ်ဆက်ပေးသည်။ လီနင်းဖန် က ဘလက်ကီ အား လက်ညှိုးထိုးကာ ပြောသည်။
ဒီအနက်ရောင်ခွေးလေးက ဘလက်ကီ တဲ့အရမ်းဉာဏ်ကောင်းတယ်ဘလက်ကီ တကျီကို နှုတ်ဆက်လိုက်ပါဦး..ဘလက်ကီ မှာ မောက်မာတတ်သော်လည်း တကျီ အား မိတ်ဆက်ပေးလာသည်တွင် အမြှီးလေး နှံပြလိုက်သည်။ တကျီ သည်လည်း ဘလက်ကီ အား ရင်းနှီးစွာ လက်ဝှေ့ယမ်းလိုက်၏။
YOU ARE READING
ကျုပ်ကဆရာကြီး(1-ongoing)
Adventure(Im Actually a Cultivation Bigshot) Action, Advanture, Fantasy, Comedy မူရင်းစာရေးဆရာ - Kinoshita Nakui ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင် Fb page name=Webnovel myanmar translation လီနင်းဖန် သည် သေမျိုးကမ္ဘာ မှ ကျင့်ကြံခြင်း ကမ္ဘာဆီသို့ ကူးပြောင်းရော...