Uni -version
Translator - @Lavendar ___ kitty~~~~~~~~~~~~~~
အခန်း - ၂( ငါလေးက ဝတ္ထုထဲက အမဲသားလို အပေါင်းခံရမဲ့
အမြှောက်စာ ဇာတ်ကောင်လေးတဲ့လား - ၂ )
______________________သူ ရဲ့ ပုံစံမှာ သနားစရာကောင်းနေလေသည် ။
တင်းယိ က ထိုအားနည်းသည့် ကလေး ကို သူမ
ရင်ခွင်ထဲ တင်းတင်းကျပ်ကျပ် ဖက်လိုက်သည် ။
အဲ့ဒီ့နောက်မှာတော့ သူမ ရဲ့ စိတ် ကို တောင့်တင်း
လိုက်ပြီး အမြန်ပြန်လှည့်ကာ ရေတွင်း ထဲသို့ ခုန်ဆင်းလိုက်တော့သည် ။ရေတွင်းနက်ကြီးထဲက ရေအေးတွေက အရိုးထဲထိ
ရောက်အောင် အေးစက်လှသည် ။ တင်းယိ ရဲ့
ခေါင်း က ရေတွေအောက်မှာ မြှုပ်သွားချိန်မှာတော့
သူမ ရဲ့ နှလုံးသား တစ်ခုလုံး အေးခဲတောင့်တင်းသွား
တော့သည် ။ဒီရေတွင်း က ဘယ်လောက်တောင် နက်,
တာတုန်းဟ ?! ။သူမ အလွန် ထိတ်လန့်သွားမိသည် ။ သွားပြီ , သွားပြီ။ အခု သူမ ဒီနေရာကို ရောက်လာတာ ၂ မိနစ်ထက်တောင်မပိုသေးဘူး ဒါကို အခုလိုမျိုးနဲ့ bye bye လုပ်ပြီးထွက်သွားရတော့မှာလား ။
တင်းယိ ရဲ့ ခေါင်းက ရေထဲမှာ နစ်မြှုပ်နေပြီ
ဖြစ်တာကြောင့် သူမ ရင်ခွင်ထဲက , ကလေးငယ်
ကို အချိန်ကြာကြာဖက်ထားနိုင်စွမ်းမရှိတော့သည်
ကို သူမ ခံစားလိုက်ရသည် ။ သူမ စိတ်ပျက်အားငယ်
ချိန်မှာပဲ system ရဲ့ အချက်ပေးသံနှင့်အတူ တစ်ချိန်တည်းမှာပဲ အတင်းအကျပ် နေရာရွှေ့ပြောင်းသည့် စက်ဝန်း တစ်ခုပေါ်လာခဲ့သည် ။ဒီ system က ခံစားချက်မရှိပေမဲ့လည်း ကြင်နာ
တတ်သားပဲ ။တင်းယိ နေရာရွှေ့ပြောင်းခံနေရစဥ်မှာပဲ သူမ
အသက်ရှူလို့ရလာနိုင်သည်ကို သိသိသာသာပဲ ခံစား
ရလေသည် ။ အဲ့ဒီ့နောက်မှာတော့ သူမ မှာ မူးဝေ
လာသလို ခံစားရပြီး system ရဲ့ အနီရောင် အချက်
ပေးသံတွေကို အဆက်မပြက်ကြားရတော့သည် ။《 အနီကဒ် ။ Host မင်း ရဲ့ ရည်ရွယ်
ချက်ကို ပြင်ပေးပါ ၊ အဓိက ဇာတ်ကောင် နဲ့ အတူတူ
သေဆုံးရန် အတွက် အချည်းနှီးမကြိုးစားပါနဲ့ ။ သင်
စည်းမျဥ်းတစ်ခု ချိုးဖောက်လိုက်ပြီးပါပြီ ။ 》
YOU ARE READING
အားနည်းပြီး ဖျားနာလွယ်သည့်ဗီလိန်ကို ပျိုးထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||
RomanceTitle name : အားနည်းပြီး ဖျားနာသည့် ဗီလိန်ကို ပျိုးထောင်ရန်နည်းလမ်းများ { unicode x zawgyi } Web name : The Correct Way Of Feeding The Sick And Delicate Villain Author(s) : 类似瓜子 English Translator : Sleepytranslation ...