အခန်း - ၇၂ || အရမ်းဘက်လိုက်တာပဲ - ၁ ||

422 56 2
                                    

အခန်း -  ၇၂

||  အရမ်းဘက်လိုက်တာပဲ  -  ၁   ||

"    ၅  ရက်  ?   "  တင်းယိ အံ့ဩ
သွားရသည်  ။

သူမ တကယ်ကြီး အချိန်တော်ကြာတဲ့
အထိ အိပ်ပျော်သွားခဲ့တာပင် ။ ဒီ
၅ ရက်လုံးလုံး  သူမ သတိလစ်နေခဲ့
တာပဲ  ! 

လုလီဟုန် က ခေါင်းညိတ်လိုက်ပြီး
ခပ်ဖွဖွလေး ပြုံးလိုက်ကာ  :
" အစပိုင်းမှာတော့  မင်း ဝိဉာဉ်က
မငြိမ်မသက်ဖြစ်နေခဲ့တာ  ၊ စိုးရိမ်စရာ
အခြေနေဆိုပေမဲ့  ကံကောင်းထောက်မ
လို့ ကြီးကြီးမားမား မဖြစ်ခဲ့ဘူး   " 

သူက ပြောရင်းဆိုရင်းနှင့်ပဲ အေးစက်
နေပြီဖြစ်တဲ့ ဆေးခွက်ကို ကမ်းပေး
လာခဲ့တယ်  ။

တင်းယိ က မြန်မြန်လေး လှမ်းယူ
လိုက်ပြီး ကျေးဇူးတင်လိုက်တယ် ။
"  ကျေးဇူးတင်ပါတယ်  လု ဂိုဏ်းချုပ်  "

လုလီဟုန်က ခေါင်းယဲ့ယဲ့လေး ခါယမ်း
ပြလိုက်ရင်း   "  ကျုပ်ကို ကျေးဇူးမတင်
ပါနဲ့   ၊ ယွဲ့  ရှီး ကသာ မင်းကို ဒီကို
ပြန်ခေါ် လာပေးခဲ့တာ  , ဒီဆေးကို
လည်း သူပဲ ပြင်ဆင်ပေးခဲ့တာ      "

ဆေးကို ကုန်စင်အောင် သောက်နေ
သည့်  တင်းယိ မှာ သတိမလစ်ခင်က
မြင်ကွင်းအား ပြန်သတိရသွားကာ
အလျင်စလို မေးလိုက်မိသည်  ။
"   ယွဲ့  ရှီး  ကျွန်မ ကို ပြန်ခေါ်လာ
ပေးခဲ့တာလား  ?  သူ ဘယ်မှာလဲ ?
သူ ဒဏ်ရာရနေတာလား  ?   "

"  သူ အဆင်ပြေပါတယ်  "  ။ လုလီဟုန်
မှာ သူမ လက်ထဲက ပြောင်စင်နေပြီ
ဖြစ်တဲ့ ဆေးပန်းကန်လုံးကို ဖြည်းညှင်း
စွာ ယူလိုက်တယ်   ။  သူ့ အမူရာတွေ
ကြည့်ရတာ ခေါင်းခဲနေပုံရပြီး ပြောလာ
သည်  : "  ဒါပေမဲ့ မကြာသေးချိန်
မှာတော့  သူ့ စိတ်အခြေနေက
တည်ငြိမ်မှုမရှိဘူး ၊ အဲ့ဒီ့နေ့တုန်းက
အဂ္ဂိရတ်ခန်းထဲက မီးပြင်းဖို က
ပျက်စီးသွားပြီ    , သူလည်း အဲ့နေရာမှာ
ရှိနေခဲ့တာဆိုတော့ ကျူးကျော်သူကြောင့်
သူ့ ခန္ဓာကိုယ်ထိခိုက်သွားတာနေမှာပါ  ၊ 
အခု သူ စွေ့ တုန်ထျန်  မှာ တရားထိုင်
နေတယ် "

တင်းယိ နှလုံးသားမှာ တင်းကြပ်သွား
ခဲ့ပြီး  တုန်ယင်စွာဖြင့် မေးလိုက်သည် ။
"   ဒါဆို သူ အဆင်ပြေရဲ့လား ?  "

အားနည်းပြီး ဖျားနာလွယ်သည့်ဗီလိန်ကို ပျိုး​ထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||Opowieści tętniące życiem. Odkryj je teraz