အခန်း ​ - ၄၁|| ကြိုးကြိုးစားစား ပိုက်ဆံရှာ - ၁ ||

1K 122 1
                                    

အခန်း ​ - ၄၁

|| ကြိုးကြိုးစားစား ပိုက်ဆံရှာ - ၁ ||


ဘဝ က ခက်ခဲကြမ်းတမ်းတယ်ဆိုရင်​တောင်
ဆက်ပြီး​​လျှောက်လမ်း​နေရမှာပဲဖြစ်သည် ။


တင်းယိ မှာ သူမ ရဲ့ ဆိုးရွားလှတဲ့ အ​ခြေအ​နေ
​တွေကို ​တွေး​တော​နေရင်း တစ်​နေ့ပြီး တစ်​နေ့ ,
တစ်ရက်ပြီး တစ်ရက် အချိန်​တွေ ​ကျော်လွန်သွား
ခဲ့သည် ။

' အ​နောက်လမ်းမထက်က သရဲ​ခြောက်တဲ့ စံအိမ် '
ကိစ္စကို ​ဖြေရှင်း ပြီး​နောက်မှာ​တော့ တင်းယိ
မှာ သူမ ရဲ့ ပုံမှန် ( ပျင်းစရာ​​ကောင်းသည့် )
က​လေးထိန်းတာဝန်ကို အလိုလိုပြန်​ရောက်သွားပြီး ဘာမှလုပ်ချင်စိတ် , ကိုင်ချင်စိတ် မရှိသည့် ရက်အနည်းကို​ကျော်လွှား​နေရ​တော့သည် ။

တင်းယိ စိတ်ဓါတ်ကျစွာနှင့်ပဲ သူမ ခြံဝန်းထဲ
မှာ ထိုင်​နေပြီး ဖရုံ​စေ့​တွေကို ကိုက်ဝါး​နေခဲ့
တယ် ။ ​နွေဦးအ​ငွေ့အသက်​တွေ လွှမ်းခြုံ
ပြီး ​ကောင်းမွန်စွာ ဖွဲ့စည်းတည်​ဆောက်
ထားသည့် အိမ်ကြီး ကို လှမ်းကြည့်​နေရင်း
အချိန်ဆိုတာ အမှန်တကယ်ကို အရိုင်းဆန်စွာ
​ရွေ့ လျား​နေတဲ့ အရာပါလားလို့ ​တွေးလိုက်မိ
တယ် ။

အိမ်ကြီး၏ သရဲ​ခြောက်သည့် သတင်းမှာလည်း
​ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည် ။ လျူ စံအိမ်
က အဖြစ်အပျက်​တွေကို လူအများသိသွားကြပြီး
အငြိုးကြီးတဲ့ ဝိဉာဥ်ရဲ့ ​ဒေါသ​တွေကို ဖယ်ရှား
ပြီးတဲ့​နောက်မှာ​တော့ အ​နောက်လမ်းမ က
​ကြောက်စရာ​ကောင်းသည့် ​နေရာတစ်ခု မ​ဟုတ်​
တော့​ပေ ။ တဖြည်းဖြည်းနဲ့ ပတ်ဝန်းက အိမ်​တွေ
ကို လူ​တွေ​ရွေ့ ​​ပြောင်းလာခဲ့ပြီး ​နောက်မှာ​တော့
တင်းယိ မှာ အတင်းအဖျင်း​တွေ​ပြောဆိုရတာ
နှစ်သက်သည့် အိမ်နီးချင်းအသစ်​တွေ အများကြီး
ရှိလာခဲ့သည် ။

တစ်ခါတ​လေ အတင်း​ထိုင်​ပြော​နေတတ်သည့်
အမျိုးသမီး​တွေ နှင့် ​တွေ့ ဆုံသည့်အခါ တင်းယိ
လည်း သူတို့အိမ်​ရှေ့က ​ညောင်ပင်​ကြီးအောက်
မှာထိုင်ရင်း တစ်​နေ့ကုန် စကားထိုင်​ပြောနိုင်
​ပေသည် ။

အားနည်းပြီး ဖျားနာလွယ်သည့်ဗီလိန်ကို ပျိုး​ထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||Where stories live. Discover now