အခန်း - ၇၇ ||ငါ့ကို နင်နဲ့အတူခေါ် သွားပေး လို့ရမလား ? - ၂ ||

371 54 3
                                    

အခန်း -  ၇၇

||ငါ့ကို နင်နဲ့အတူခေါ် သွားပေး
လို့ရမလား ? -  ၂  ||

မူရင်းဇာတ်လမ်းထဲ၌ ဝိဉာဉ်အရင်းမြစ်
ဆုံးရှုံးသွားရသည့် အမျိုးသမီး
ဇာတ်လိုက်က သူမ ရဲ့  ဝိဉာဉ်အရင်းမြစ်
အား ကုသရန်အတွက် ဝိဉာဉ်မြက်
တွေကို  အရေးတကြီး လိုအပ်ခဲ့
တယ်   ။  ဒီအကြောင်းကို သူမ အား
တိတ်တိတ်လေး ဂရုစိုက်ပေးနေသည့်
ဗီလိန်မု က သိသွားခဲ့ပြီး  ဝိဉာဉ်မြက်
ကို ရှာဖွေကာ သူမ အား တိတ်တဆိတ်
လေး  ပေးချင်ခဲ့သည်   ။

မမျှော်လင့်ဘဲ အမျိုးသားဇာတ်လိုက်
က   အဲ့အကြောင်းကို သိသွားတော့
သူတို့ နှစ်ယောက် ( မုယွဲ့ ရှီး နဲ့ တန်
ယင်းယင်း  )  ရဲ့  ရင်းနှီးကျွမ်းဝင်
သည့်  ပတ်ဝန်းကျင်ထဲသို့  အလွန်
မနာလိုဖြစ်စွာဖြင့် ပြေးဝင်သွားခဲ့ပြီး
ဗီလိန် နှင့် တိုက်ခိုက်ခဲ့တယ်  ။
နောက်တော့  မတော်တဆဖြစ်သွား
ခဲ့ပြီး  နှစ်ယောက်လုံး လိုချင်ခဲ့
တဲ့  ‌မြက်ပင်ကို မှားယွင်းစွာဖြင့်
ဖျတ်စီးမိသွားသည်     ။

အဲ့ဒီ့ရတနာကို ဆုံးရှုံးလိုက်ရတာ
ကြောင့် သနားစရာကောင်းတဲ့ 
အမျိုးသမီးဇာတ်လိုက်က ကံကြမ္မာဆိုး
နဲ့  မကြုံနိုင်ဘူးလား ?

ကြုံရတာပေါ့  ။  အဲ့ကိစ္စကြောင့်
အမျိုးသမီးဇာတ်လိုက်က သူမ ရဲ့
ကျင့်ကြံမှုတွေ ပျက်စီးသွားခဲ့ပြီး
မသန်မစွမ်းတစ်ဝက် အခြေနေသို့
ရောက်သွားခဲ့ရသည်  ။ သူမ က
သူမ ၏ ပြီးပြည့်စုံသည့် အခြေနေ
ပုံရိပ်ကနေ  သနားစရာကောင်းတဲ့
ဒုဓြာပန်းပွင့်လေးအဖြစ် ပြောင်းလဲ
သွားပြီး တစ်နေ့လုံး သူမ မျက်ရည်
တွေဖြင့်  ငိုကြွေးနေတော့သည်  ။

သူတို့ရဲ့  ချစ်သည်းညှာလေးက
ဒီလိုမျိုး နှိပ်စက်ခံစားနေရတော့
အမျိုးသားနှစ်ယောက်မှာ စိတ်ဒုက္ခ
မဖြစ်ပဲနေမလား  ?

အဲ့လိုနဲ့ပဲ ကမ္ဘာကြီးကိုတောင် တုန်လှုပ်
စေနိုင်သည့်   သုံးပွင့်ဆိုင်အချစ်
က  စတင်ခဲ့တော့တယ် .....

ရုတ်တရက်ဆိုသလို  တင်းယိ
၏ နဖူးပေါ် မှာ အရေးကြောင်း
တစ်ခု ဖြစ်ပေါ် လာတော့သည် ။
တန်ယင်းယင်း  သူမ အား လာရှာ
ရသည့် အကြောင်းရင်းကို မသိ
ပေမဲ့လည်း  ယုတ်မာကောက်ကျစ်
သည့်  ဇာတ်ကြောင်းအထပ်ထပ်
ကို ရင်ဆိုင်ပြီးချိန်မှာတော့ အခု
ကိစ္စက တစ်ခုခုတော့ မှားယွင်းနေ
ပြီဆိုတာ  ရိပ်မိသလောက်ပဲ     ။

အားနည်းပြီး ဖျားနာလွယ်သည့်ဗီလိန်ကို ပျိုး​ထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||Where stories live. Discover now