အခန်း ၈၂ ||ငါတို့နှစ်ယောက်တည်းနဲ့လုံလောက်ပြီ - ၂ ||

330 49 2
                                    


အခန်း ၈၂

|| ငါတို့နှစ်ယောက်တည်းနဲ့လုံလောက်
ပြီ - ၂ ||

စိတ်တုန်လှုပ်ချောက်ချားစရာပင် ။

အချိန်ဘယ်လောက်ထိ ကြာမြင့်သွား
သည်လဲ မသိရ  ၊  တင်းယိ သူမ ရဲ့
မျက်လုံးတွေကို ခက်ခက်ခဲခဲဖြင့်
ဖွင့်ကြည့်လိုက်ပြီးနောက် သူမတို့
တွေ ဝင်ရောက်လာခဲ့တဲ့ နေရာက
မြှူမှိုင်းတွေဖြင့် အုပ်စိုင်းနေကာ
မြင်မြင်သမျှ အရာအားလုံးက
မှုန်မှုန်ဝါးဝါးတွေချည်းဖြစ်နေ၏ ။

ဒါက ဘယ်နေရာလဲ    ?

သူမ ခန္ဓာကိုယ်ကို ခက်ခက်ခဲခဲဖြင့်
ရွေ့ လျားလိုက်ပြီးနောက်မှာတော့
ကြည်လင်သည့် ရေစီးသံက သူမ
ရဲ့ နားထဲသို့ တိုးဝင်လာသည်ကို
ကြားလိုက်ရသည်  ။ အေးစိမ့်နေ
တဲ့ ရေစက်တွေက  ဆံနွယ်တွေ
အောက်မှ ရေမျက်နှာပြင်ကို ကျဆင်း
သွားခဲ့ပြီး ပေါ့ပါးတဲ့ ရေလှိုင်းလေး
တွေကို ဖြစ်ပေါ်စေသည်  ။

ပတ်ဝန်းကျင်တစ်ခုလုံးက တိတ်ဆိတ်
နေ၏   ။

အဲ့နောက်မှာတော့ သူမရေထဲသို့ ကျ
သွားခဲ့ကြောင်း တင်းယိ သိလိုက်ရ
တယ်  ။

သူမ သတိမမေ့မြောခင်အချိန်မှ
ပုံရိပ်တွေကို မှတ်မိသွားခဲ့ပြီး ရေကန်
ထဲကို ပြုတ်ကျသွားခဲ့ကြောင်း အမြန်
သဘောပေါက်သွားသညိ  ။

တင်းယိ , သူမ နောက်ကျောမှ နာကျင်
မှုအား သည်းခံကာ ပတ်ဝန်းကျင်အနှံ့
ရှာဖွေကြည့်သော်လည်း ဘယ်သူမှ
မရှိ  ။  သူမ ချက်ချင်းပင် ထိတ်လန့်
လာကာ  အော်ခေါ် တော့တယ်  :
“  ယွဲ့  ရှီး ? ယွဲ့ ရှီး , နင်ဘယ်မှာလဲ !? ”

ဖွဲ့စည်းပုံ ပျက်စီးသွားပြီးနောက်မှာ
သူမ တို့ နှစ်ယောက်စလုံး အတူတူ
ပြုတ်ကျလာခဲ့သည် မဟုတ်လား ။
ယွဲ့ ရှီး က  ဘယ်ရောက်သွားတာလဲ ?
တင်းယိ မှာ ခဏလောက် ထိတ်လန့်
နေရာမှ ဖြစ်ပျက်နေသည့် အခြေနေ
ကို ရှင်းရှင်းလင်းလင်း သဘောပေါက်
သွားနောက် အမြန်ထရပ်ကာ သူ့ အား
ရှာဖွေရန် ကြိုးစားတော့သည်  ။

သူမ မတ်တပ်ရပ်လိုက်သည်နှင့်
သူမရဲ့ ခြေထောက်အောက်က
တစ်စုံတစ်ရာကြောင့် ခလုတ်တိုက်
မိလုနီးပါးဖြစ်သွားရသည် ။ သူမ
မှာ ဟန်ချက်ပျက်သွားပြီး ရေထဲသို့
လှဲကျလုနီးပါးပင်    ။

အားနည်းပြီး ဖျားနာလွယ်သည့်ဗီလိန်ကို ပျိုး​ထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||Where stories live. Discover now