အခန်း - ၁၄
|| မမျှော်လင့်ထားတဲ့ နတ်ဆိုးစွမ်းအားများ - ၁ ||
~~~~~~~~~~~~
လေထုမှာ ချက်ချင်းဆိုသလို အေးခဲတောင့်တင်း
သွားတော့သည် ။အခုအခြေအနေမှာ တင်းယိ အတွက် ရွေးချယ်
စရာ နှစ်ခုရှိနေသည် ။ ဉာဏ်ရှိရှိနဲ့ပဲ ဒီအခြေအနေ
ကနေ ထွက်ပြေးမလား ဒါမှမဟုတ် အခုချက်ချင်း
ပဲ ဒီအခြေအနေကိုပြန်တွန်းလှန်မလားဆိုပြီး ။
ဘယ်နည်းပဲဖြစ်ဖြစ် သူမ မှာတော့ ကိုယ့်ကို
ကိုယ် ကာကွယ်နိုင်စွမ်းရှိပေသည် ။ဒါပေမဲ့လည်း ဉာဏ်ရှိရှိနှင့်ပဲ ဒီအခြေအနေကနေ
ထွက်ပြေးမယ် ဆိုတဲ့အစီစဥ်ကတော့ အောင်မြင်
မှာ မဟုတ်ပေ ။ အဘယ်ကြောင့်ဆိုသော် ကောက်
ကျစ်စဥ်းလဲတဲ့ သူခိုးက တစ်ချက်တည်းဖြင့် တံခါး
ကို ကန်ဖွင့်နိုင်သောကြောင့်ဖြစ်သည် ။ ပြီးတော့
လည်း သူက သူ နှင့် အတူ ဓါးတစ်လက်ကို
ယူဆောင်လာပြီး လက်နက်ပုန်းတွေလည်း ပါလာ
သေးသည် ။ ဒါကြောင့် သူမ ရဲ့ ဉာဏ်ကို သုံးပြီး
အနိုင်မယူနိုင်ပေ ။တင်းယိ မည်သည့်အရာကိုမှ ဆက်တွေးမနေ
တော့ပဲ အရှေ့ကိုသာ ပြေးဝင်သွားတော့သည် ။သူမ လှည့်ပတ်ပြီး ပြေးသွားပြီးနောက်မှာတော့
လှေဝမ်းထဲမှာရှိနေတဲ့ ပိတ်ထားသည့်အခန်း
ကို ပြင်းပြင်းထန်ထန်ပဲ ဖြိုချလိုက်သည် ။
ပြိုကျသွားပြီးနောက်မှာတော့ မှောင်မည်းနေ
သည့် အခန်းနှစ်ခုကြားမှာရှိတဲ့ နံရံကိုလည်း
ရိုက်ချပစ်လိုက်သည် ။ သူတို့တွေ လှေရဲ့
ဘယ်အပိုင်းမှာရှိနေလဲဆိုတာ သူမ လည်း မသိ
ပါ ။ ဘာပဲဖြစ်ဖြစ် တင်းယိ အပေါက်ကြီးဖြစ်
အောင် ရိုက်ချိုးပြီးနောက်မှာတော့ လှေရဲ့ ထောက်တိုင်က အသံထွက်ကာကွဲအက်လာခဲ့ပြီး လှေနှစ်ဖက်ကနစ်မြုပ်လာတော့သည် ။ကောက်ကျစ်တဲ့ အမျိုးသားမှာလည်း အားနည်း
တဲ့ မိန်းကလေး တစ်ဦးမှာ သာမန်လူတွေ
ထက် သာလွန်တဲ့ အင်အားရှိလိမ့်မည်ဟု မျှော်
လင့်မထားခဲ့တာကြောင့် အံသြသွားတော့တယ် ။
ဒါကြောင့်ပဲ သူက ဒေါသတကြီးနှင့် ရုတ်တရက်
ထအော်တော့သည် ;
" မင်း သေချင်နေတာလား ? "
CZYTASZ
အားနည်းပြီး ဖျားနာလွယ်သည့်ဗီလိန်ကို ပျိုးထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||
RomansTitle name : အားနည်းပြီး ဖျားနာသည့် ဗီလိန်ကို ပျိုးထောင်ရန်နည်းလမ်းများ { unicode x zawgyi } Web name : The Correct Way Of Feeding The Sick And Delicate Villain Author(s) : 类似瓜子 English Translator : Sleepytranslation ...