အခန်း - ၂၃
|| အသာစီးမယူတဲ့ လူယုတ်မာ - ၁ ||
--------uni - version -------------
--------- translator @ Lulu --------------တင်းယိ နှင့် မုယွဲ့ ရှီး တို့၏ ချုံးကျိုး ခရီး
စဥ်က အတော်လေး ချောမွေ့ ခဲ့ပါသည် ။လုလီဟုန် ရဲ့ ကျေးဇူးကြောင့် သူတို့ရဲ့
လိုရာခရီးကို လုံလုံခြုံခြုံရောက်ရှိခဲ့သည် ။သို့သော်လည်း တင်းယိ ကျေးဇူးတင်မိသည်
မှာ လုလီဟုန် က မြို့တော်တွင်းသို့ဝင်ရောက်
ရန် မုယွဲ့ ရှီး နှင့် သူမ ကို ကိုယ်တိုင်ကူညီပေး
ခဲ့တာကြောင့်ဖြစ်သည် ၊ အဲ့ဒီ့အကြောင်းအရာ
က သူမ ကို ပြသနာအများကြီး မတွေ့ ကြုံရ
အောင်ကူညီပေးပြီး ပိုက်ဆံတွေကိုလည်း
အများကြီး သက်သာစေတာကြောင့်ဖြစ်သည် ။လုလီဟုန် က အမြဲတမ်း နူးညံ့ပြီး ယဥ်ကျေး
စွာ မေးမြန်းလာခဲ့သည် ;
" ချုံးကျိုး ရဲ့ တရားစီရင်ခွင့်တွေက အခြား
နေရာတွေနဲ့ မတူညီဘူး ၊ ဒါ့ကြောင့်
မိန်းကလေး တင်း အခု ဘယ်လိုအစီစဥ်တွေ
များ ချထားလဲ ? "တင်းယိ မျက်နှာ မှာ ရှက်ရွံ့မှုတွေဖြင့် ပြည့်နှက်
နေလေသည် ။ သူမ က ပထမကမြို့ ထဲ
ကို ခိုးဝင်ပြီး , နောက်မှ တစ်မျိုးကြံစည်မည်
ဟု ရည်ရွယ်ထားတာကြောင့် ဘယ်လိုအစီအစဥ်
တွေ ရှိမှာတုန်း ? ။ဒါပေမဲ့ အမှန်တိုင်းပြောဖို့အတွက်လည်း သူမ
ရှက်နေမိသည် ။လု သခင်လေးက သူမ အခက်အခဲကို ခန့်မှန်း
မိသည်နှင့် တူသည် ၊ သူ သိပေမဲ့လည်း
ထုတ်ပြောမနေတော့ပဲ မြို့ ထဲကို အတူတူဝင်
ရန် ကမ်းလှမ်းလာခဲ့ပြီး အတူပါလာသည့် ကလေး
အား အိမ်အရောင်းအဝယ်အကျိုးဆောင်တွေ
ကို စျေးလမ်း၏ မည်သည့်နေရာမှာ ရှာဖွေလို့ရကြောင်းမေးမြန်းခိုင်းခဲ့လေသည် ။တင်းယိ မှာ ရင်ထဲ အရမ်းထိမိသွားတာကြောင့်
စကားတောင် မပြောနိုင်တော့ချေ ။
ရှင်က တကယ့်ကို အရမ်းကောင်းလွန်းတဲ့
လူကောင်း တစ်ယောက်ပါ လု သခင်လေးရေ ။လုလီဟုန် က စေတနာထားပြီး ရက်ရက်ရောရော ကူညီပေးခြင်းဖြစ်သော်လည်း သူမ စိတ်ထဲမှာ
တော့ မတင်မကျဖြစ်နေမိသည် ၊ သူမ မှာ
သမာသမတ်တော့ မရှိပေမဲ့လည်း အရှက်ကတော့
ရှိပါသေးသည် ။
STAI LEGGENDO
အားနည်းပြီး ဖျားနာလွယ်သည့်ဗီလိန်ကို ပျိုးထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||
Storie d'amoreTitle name : အားနည်းပြီး ဖျားနာသည့် ဗီလိန်ကို ပျိုးထောင်ရန်နည်းလမ်းများ { unicode x zawgyi } Web name : The Correct Way Of Feeding The Sick And Delicate Villain Author(s) : 类似瓜子 English Translator : Sleepytranslation ...