အခန်း - ၇၁||သူ့ကိုဘာဖြစ်လို့ဒီ​လောက်ထိဂရုစိုက်​နေရတာလဲ ? - ၂||

421 60 5
                                    

အခန်း - ၇၁

||သူ့ကိုဘာဖြစ်လို့ဒီလောက်ထိဂရုစိုက်
နေရတာလဲ ? - ၂||

အဲ့ချိန်ကျရင် ဒုက္ခရောက်မဲ့သူက
နတ်ဆိုးကောင် မဟုတ်ဘဲ အမှန်တကယ်
သေဆုံးသွားမှာက မုယွဲ့ ရှီး ဖြစ်သွား
ပေလိမ့်မည်   ။

မုယွဲ့ ရှီး မှာ သူမ မျက်လုံးတွေထဲက
အုံ့မှိုင်းနေသည့် လှိုင်းလုံးတွေနှင့်
အတူ သူမ စိတ်ထဲမှာရှိနေတဲ့ စိုးရိမ်မှု
တွေကို သိသိသာသာ သတိပြုမိလေ
သည်  ။  သူ့ နှုတ်ခမ်းထောင့်မှာ
အပြုံးတစ်ခု ဖြစ်တည်လာပြီး မှေးမှိန်
နေတဲ့ ရှုပ်ထွေးမှုနဲ့ အတူ ခံစားချက်မဲ့
သည့် အသံဖြင့်  :   "  ငါ နားမလည်
နိုင်ဘူး  ၊ မင်း ဘာကြောင့် သူ့ကို
ဒီလောက်တောင် ဂရုစိုက်နေရတာလဲ ?
ဘာလို့လဲ  ?    "

ဘာကြောင့်လဲ  ?

သူ မသိသလို နားလည်းမလည်ချေ ။
သူတို့ နှစ်ယောက်က တစ်ယောက်တည်း
ဆိုရင်တောင်  ဘာကြောင့်များ အဲ့
တစ်ယောက်အပေါ် ကျတော့  သူမ ရဲ့ 
သဘောထားက မတူညီရတာလဲ  ?
အဲ့လို မဟုတ်ဘူးဆိုရင်လည်း သူ့ ဘက်
မှာတော့ ဘာကြောင့် တစ်ယောက်မှ
ရှိမနေရတာလဲ  ?

တင်းယိ မှာ သူ့  မျက်နှာ ထူးဆန်းနေ
တာကို တွေ့  လိုက်ရချိန်မှာတော့
သူမ အလွန်တုန်လှုပ်သွားပေမဲ့
အံ့ကြိတ်လိုက်ရင်း  "   ဒါက နင့်
ကိစ္စမဟုတ်ဘူး    "

မုယွဲ့  ရှီး ၏ မျက်လုံးတွေက အေးစက်
လာပြီး အခြားလှုပ်ရှားမှုတွေ မရှိတော့
ဘဲ  သူမ လည်ပင်းအားညှစ်ရန်တွက်
သူ့ လက်ကို ဆန့်ထုတ်လာခဲ့တယ် ။

တင်းယိ အမူရာမှာ နာကျင်မှုကြောင့်
ပျက်ယွင်းနေပြီး သူမ စိတ်ထဲကနေ
မူရင်းနိုဗယ်ထဲက နတ်ဆိုးအရှင် ကို
အကြိမ်‌ပေါင်း တစ်သောင်းမက
ကျိန်ဆဲနေမိလေသည်  ။

အမှန်တော့  မုယွဲ့  ရှီး  တင်းယိ ကို
အားလျော့ပေးထားခြင်းပင်  ။ သူ
သာ အမှန်တကယ် သူ့ အင်အားတွေ
အကုန်လုံးကို အသုံးပြုမယ်ဆိုရင်
အခုချိန် တင်းယိ လည်ပင်းမှာ ကျိုး
နေလောက်ပြီ    ။

သူ့ လက်ချောင်းတွေက သူမ ၏
အနက်ရောင်တံဆိပ်လေးပေါ် သို့
ရွေ့ဆင်းသွားသည် ။  သူ့ မျက်လုံး
တွေကတော့  အန္တရာယ်ရှိစွာ ညှို့မှိုင်း
နေပြီး  ကိုယ့်ကိုကိုယ် မေးနေဟန်ဖြင့်
"  ဒါကြောင့်များလား  ?   " 

အားနည်းပြီး ဖျားနာလွယ်သည့်ဗီလိန်ကို ပျိုး​ထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||Tahanan ng mga kuwento. Tumuklas ngayon