အခန်း - ၆၀
|| မင်းတို့ နှစ်ယောက်ကြားက ဆက်ဆံရေးက
ဘယ်လိုလဲ - ၁ ||တင်းယိ ,တိတ်တဆိတ်သာ လေအေး
တစ်ချက်ကို ရှူသွင်းလိုက်မိသည် ။
သူမ ခန္ဓါကိုယ်မှာရှိနေတဲ့ မှော်အစွမ်းက...
မုယွဲ့ ရှီး ရဲ့ မှော်အစွမ်း မဟုတ်ဘူးလား !မဟုတ်တာ , ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ။
မူရင်းဝတ္ထုထဲမှာ ဒီလို ဇာတ်ကွက် မရှိဘူးလေ ၊
လုလီဟုန် ရဲ့ အကြောင်းရင်းကို မူရင်းထဲမှာ
သေသေချာချာ ဖော်ပြထားတာမျိုး မရှိဘူး ။
မူရင်းဇာတ်ကြောင်းအရဆိုရင် အခု ဒီဇာတ်ကွက်
က မုယွဲ့ ရှီး နဲ့ မပတ်သက်ဘူး ။မသေမျိုးတစ်ယောက် က နတ်ဆိုးတွေ
လက်မှာ သေဆုံးသွားရပြီး အခုလိုမျိုး
သဲလွန်စတွေကို ထင်ထင်ရှားရှား ချန်ထား
ရစ်ခဲ့တယ် ။ သေချာတာတစ်ခုကတော့
တစ်စုံတစ်ယောက်က လုပ်ဇာတ်ခင်းထား
တာ မဟုတ်ရင် မူရင်းဇာတ်ကြောင်းမှာ
ချို့ ယွင်းမှု ရှိနေလို့ပဲ ။[ ဂိုဏ်းချုပ်ဟောင်း ရဲ့ လျှို့ ဝှက်ဆန်းကြယ်
စွာ သေဆုံးမှု ဇာတ်ကြောင်း ပွင့်သွားပါပြီ ။
တာဝန်လက်ခံရန် အတွက် ကျေးဇူးပြုပြီး
အတည်ပေးပါရန် ]" ..... "
ရင်းနှီးနေကျ တုန်လှုပ်စရာကောင်းသည့်
စက်အသံကို ကြားလိုက်ရချိန်မှာတော့ တင်းယိ
အဲ့ဒီ့ system ကို ဆွဲထုတ်ပြီး သေအောင်
ရိုက်နှက်ပစ်ချင်ခဲ့သည် ။ point တွေ
ကို ပေါပေါလောလောနဲ့ ပေးခဲ့ကတည်းက
သက်သက်သာသာဖြစ်မဲ့ ကိစ္စမဟုတ်မှန်း
သူမ သိခဲ့သင့်တယ် ။သူမ နှလုံးသားလေး မှာ ပြာမှုန့် ဖြစ်လု
နီးပါးပဲရယ် ။လုလီဟုန် ရဲ့ အေးစက်သည့်ရောင်ဝါနှင့်
မျက်နှာချင်းဆိုင်တွေ့ လိုက်ရချိန်မှာတော့
သူမ တံတွေး ကို မျိုချလိုက်မိပြီး အထစ်ထစ်
ငေါ့ငေါ့ဖြင့် ; " ဒါ .. ဒါနဲ့ပဲ ရှင် ကျွန်မ
ကို အဲ့လို စွပ်စွဲလို့မရဘူးလေ .... "ဘယ်လိုပဲ အဓိပ္ပါယ်မရှိပါစေ ဒါမှမဟုတ်
ထူးဆန်းတဲ့ ဇာတ်ကြောင်းမျိုးဖြစ်နေပါစေ
သူမ အပေါ် အပြစ်ပုံချတာတော့ မဖြစ်သင့်
ပေ ။ ဒီကိစ္စက မုယွဲ့ ရှီး မဟုတ်ခဲ့ရင်
သူမ ကလည်း တရားခံ လုံးဝ ,မဖြစ်နိုင်ဘူး ။
CITEȘTI
အားနည်းပြီး ဖျားနာလွယ်သည့်ဗီလိန်ကို ပျိုးထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||
DragosteTitle name : အားနည်းပြီး ဖျားနာသည့် ဗီလိန်ကို ပျိုးထောင်ရန်နည်းလမ်းများ { unicode x zawgyi } Web name : The Correct Way Of Feeding The Sick And Delicate Villain Author(s) : 类似瓜子 English Translator : Sleepytranslation ...