အခန်း - ၅၀
|| ငါ့ကို ကတိပေးလို့ရမလား - ၂ ||
တင်းယိ က နူးနူးညံ့ညံ့ပင် ကြည့်လိုက်ပြီး
သူ့ ရဲ့ ခေါင်းလေး ကို ခပ်ဖွဖွပွတ်သပ်
ကာ နှစ်သိမ့်ပေးလိုက်သည် : " နင် ဘယ်လိုပဲ
ဆုံးဖြတ် , ဆုံးဖြတ် ငါ နင့် အနားမှာရှိနေ
ပေးမယ် ဟုတ်ပြီလား ? "သူ့ ကိုယ် သူ စိတ်နှလုံး မငြိမ်မသက်ဖြစ်
နေမည်ကို စိုးရိမ်သဖြင့် သူမ တိုးတိုးလေး
ဆက်ပြောလာခဲ့တယ် - " တကယ်တော့
ငါ ပိုက်ဆံတွေ အများကြီး စုဆောင်းထား
တာရှိတယ် ၊ တကယ်လို့များ နင် မဖြေရှင်း
နိုင်တဲ့ ပြသနာတွေရှိမယ်ဆိုရင် အသုံးပြုလို့
ရတယ် ။ စိတ်မပူပါနဲ့ ငါ နင်ကို အခြားသူ
တွေကို အနိုင်ကျင့်ခွင့်ပေးမှာ မဟုတ်ဘူး .... "သူမ စကားမဆုံးနိုင်ခင်အချိန်လေးမှာပဲ
ပွေ့ ဖက်မှုတွေကြားထဲ ပိတ်လှောင်ခံလိုက်ရ
လေသည် ။ စိတ်ကို လန်းဆန်းစေတဲ့ ရနံ့
က သူမ နှာခေါင်းထဲကို တိုးဝင်လာခဲ့တယ် ။မုယွဲ့ ရှီး ရဲ့ ရုတ်တရက်ဆန်တဲ့ ပွေ့ ဖက်မှု
ကို ခံလိုက်ရသည့် တင်းယိ မှာ အစပိုင်းတွင်
တောင့်သွားခဲ့ပြီး ၊ အဲ့ဒီ့နောက်မှာတော့
သူမ မျက်နှာမှာ နီမြန်းသွားရသည် ။အ -- အနောက်ကနေ အခုလိုမျိုး
ပွေ့ ဖက်ခံထားတာ အဆင်ပြေမနေဘူးနော် !မုယွဲ့ ရှီး က အခုလက်ရှိအချိန်မှာ ကြီးထွား
ဖွံ့ဖြိုးဆဲ အချိန်ကာလ ကို ဖြတ်သန်းနေ
ဆဲဖြစ်တာကြောင့် သူ့ မှာ လူငယ်တစ်ယောက်
စီမှာ ရှိသင့်သည့် လက္ခဏာရပ်တွေ ရှိနေပြီပဲ
ဖြစ်သည် ။ အဲ့ဒီ့လက္ခဏာရပ်တွေက သူ့
ကို အရင်တုန်းက နှင့် မတူညီစေတော့ပဲ
အခုအချိန်မှာတော့ သူက တင်းယိ ၏ အရပ်
ကိုပင် ကျော်လွန်နေပြီဖြစ်သည် ။သူက သူ့ ရဲ့ ခေါင်းလေး ကို အပြစ်လုပ်
ထားမိတဲ့ ကလေး ,လေး တစ်ယောက်လို
မျိုး သူမ ပခုံးပေါ် သို့ တင်လာပြီး
တိုးတိုးလေး ပြောလာတယ် : " ငါ ပြင်းပြင်း
ထန်ထန် လေ့ကျင့်သင်ကြားပါ့မယ် ၊
ဒါ့ကြောင့် မင်း ငါ့ကို စောင့်နေပါ့မယ် လို့
ကတိပေးလို့ရမလား ? "
YOU ARE READING
အားနည်းပြီး ဖျားနာလွယ်သည့်ဗီလိန်ကို ပျိုးထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||
RomanceTitle name : အားနည်းပြီး ဖျားနာသည့် ဗီလိန်ကို ပျိုးထောင်ရန်နည်းလမ်းများ { unicode x zawgyi } Web name : The Correct Way Of Feeding The Sick And Delicate Villain Author(s) : 类似瓜子 English Translator : Sleepytranslation ...