Uni - version
Translator - Lavendar ___ kitty
* kitty ကြိုသတိပေးချင်လို့ပါနော် ဒါလေးရဲ့
English translator က cha -4 ကစပြီး
အခြားတစ်ယောက်ပါနော် ၊ ဒါကြောင့် အရင်က
အပိုင်းတွေနဲ့ ဖတ်ရတာထောက်နေမှာစိုးရိမ်လို့ပါ ။
-----------------------မားမား ရေ ! အဲ့ဒါကကြီးက ေ-ာက်ရမ်းမိုက်ပြီး
ကြောက်စရာကောင်းလွန်းတယ် ။အချိန်ကြာသည်အထိ အသံမကြားရတာကြောင့်
ခြောက်သွေ့နေတဲ့ အရိုးဝါးစုကြီး က
ဝါးအိမ်လေး ထဲမှာ တစ်ခုခုမူမမှန်တာဖြစ်နေပြီဆိုတာကို သိလိုက်တာကြောင့် လူသတ်ချင်တဲ့ ရည်ရွယ်ချက်က ဟန်ဆောင်လို့မရအောင်ပင် ထွက်ပေါ်လာတော့သည် ။" ပေါင်မုန့် နဲ့ စပျစ်ရည်ကိုယူမနေနဲ့ ၊ နံစော်နေတဲ့ ကောင်မလေး , အဲ့ဒီ့နတ်ဆိုးလေး ကို ငါ့စီမြန်မြန်အပ်လိုက်မဟုတ်ရင် မင်းရဲ့ ခေါင်းကို ငါ အစိမ်းလိုက်ဝါးစားလိုက်မယ် "
ထင်တဲ့အတိုင်းပဲ အဲ့ဒါ့ကို ခြောက်သွေ့ နေတဲ့
အရိုးဝါးစုကြီး လို့ ခေါ်တာမထူးဆန်းတော့ပါဘူးလေ ။
အရိုးဝါးစုကြီး ရဲ့ သဘာဝကို အရိုးတွေကို စားရတာ
ကြိုက်နှစ်သက်တဲ့အရာဆိုတာ ရှင်းရှင်းလေးရယ် ။ဒီတော့ ဒီမကောင်းဆိုးဝါးကြီး ပေးထားတဲ့ ဆေးရည်
တွေကလည်း ကောင်းတဲ့အရာတွေမဟုတ်လောက်ဘူး၊ငါနော် ဒင်းရဲ့ အရိုးတွေကို ပန်းကန်လုံးနှစ်လုံးထဲအပြည့်သိပ်ပြီး အချဥ်ဖောက်ထားချင်လိုက်တာနော် !တင်းယိ ရဲ့ စိတ်နှလုံးက တကယ့်ကို ရိုးရှင်းလွန်း
တာကြောင့် သူမ က လေးလံတဲ့ သစ်သားပုံးကြီး
ကို တွန်းထုတ်ကာ တံခါးကို ပိတ်ဖို့အတွက် အစွမ်းကုန်ကြိုးစားတော့သည် ။ဒါပေမဲ့ တင်းယိ သတိမထားမိသည်က တံခါးကို
ပိတ်ထားပြီး မကောင်းဆိုးဝါးကြီး က တံခါးကို
ဖွင့်ပြီး မဝင်လာနိုင်ပေမဲ့လည်း ဘယ်အချိန်မဆို ဝါးအိမ်လေးရဲ့ တစ်နေရာရာကနေ ဖျတ်စီးပြီးဝင်လာလို့ရပေသည် ။သူမ အတွက် system ထည့်သွင်း
ထားတဲ့ အဆင့်နိမ့် နတ်ဆိုးမြင်နိုင်စွမ်းရှိတဲ့ X-ray
မျက်လုံးတွေ နဲ့ အပြင်ဘက်မှာ i can fly လုပ်နေတဲ့အရိုးစုတွေကို အထိတ်တလန့်ကြည့်ရင်း တင်းယိ မှာချွေးသီးချွေးပေါက်တွေကျနေလေသည် ။
أنت تقرأ
အားနည်းပြီး ဖျားနာလွယ်သည့်ဗီလိန်ကို ပျိုးထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||
عاطفيةTitle name : အားနည်းပြီး ဖျားနာသည့် ဗီလိန်ကို ပျိုးထောင်ရန်နည်းလမ်းများ { unicode x zawgyi } Web name : The Correct Way Of Feeding The Sick And Delicate Villain Author(s) : 类似瓜子 English Translator : Sleepytranslation ...