အခန်း - ၄၇ || တိတ်တဆိတ်ရန်ဖြစ် - ၁ ||

902 123 3
                                    

အခန်း - ၄၇

|| တိတ်တဆိတ်ရန်ဖြစ် - ၁ ||

system က သူမ ကို ထိုစာသား​တွေသာ
ထပ်တလဲလဲ ​ပေးပို့​နေသဖြင့် တင်းယိ မှာ
ထို​နေရာမှာတင် ​ဗလာ ဖြစ်စွာရပ်​နေမိသည် ။

မုယွဲ့ ရှီး က သူမ စိတ်​မ​ပျော်မရွှင်ဖြစ်
​နေသည်ကို ​တွေ့ လိုက်ရ​တော့ သူက
သူမ ပစ်ချထားသည့် ထီးကို ​ကောက်ယူ
လိုက်ပြီး ​ပြောလာသည် - " တင်းယိ ,
သွားကြရ​အောင် ၊ သူက ငါတို့ သိတဲ့
လူမဟုတ်ဘူး " ။ သူ့ ရဲ့ စိတ်နှလုံး
ခံစားချက်​တွေက​တော့ အမှန်တကယ်ကို
​အေးစက်​နေတာပဲ ဖြစ်သည် ။

အခုလက်ရှိအ​ခြေ​နေက ဆိုးဝါးတဲ့ အ​ခြေ​နေ
ဖြစ်​နေတာ​ကြောင့် တတ်နိုင်မယ်ဆိုရင်
တင်းယိ ဒီ​နေရာက​နေ ချက်ချင်း ထွက်သွား
ချင်​နေတာပဲဖြစ်သည် ။

သို့​သော်လည်း system က သူမ ရဲ့
ဆန္ဒကို လက်မခံပါ​ချေ - ​ကျေးဇူးပြုပြီး
​သေချာစဥ်းစား​ပေးပါ host ! ဒါက
အ​ရေးကြီးတဲ့ ဇာတ်ကွက်ပါ တကယ်လို့
မင်း သာ ဒီဇာတ်ကွက် ကို ​ကျော်သွားရင်
point 1000 ဆုံးရှုံးခံရမှာ​နော် !

ကြည့်ပါဦး , ဘယ်​လောက်​တောင်
ရက်စက်လိုက်သလဲဆိုတာ ။ အခုချိန်ထိ
သူမ ကြိုးစားအားထုတ်ခဲ့ရတဲ့ ရလဒ်​မှာ
point 200 ပဲရှိ​သေးတယ် ၊ ဇာတ်ကွက်
ကို ​ကျော်လိုက်ရင် ရလာမဲ့ အပြစ်ဒဏ်က
သူမ ကြိုးစားအားထုတ်ထားရတဲ့ ရလဒ်ထက်
( ၅ ) ဆ များ​နေ​သေးတယ် ။

သူမ စိတ်ထဲမှာ ညည်းညူး​နေ​ပေမဲ့လည်း
တင်းယိ မှာ သူမ ကိုယ် သူမ ​တော့ ဒုက္ခ
​ရောက်​အောင် မလုပ်နိုင်ပါဘူး ။ ဒါ​ကြောင့်ပဲ
သူမ ​ခေါင်းကို လှည့်လိုက်ပြီး မုယွဲ့ ရှီး အား
စိတ်ပျက်လက်ပျက်ဖြင့် ​ပြောလိုက်သည် ။
" .... သူ့ ကို ကယ်​ပေးပြီးတာ​တောင်
ဘာဖြစ်လို့ သူ့ကို မသိဘူးလို့ ​ပြော​နေရတာလဲ ?
​​ကောင်းပြီ ​မြန်မြန်​လေး သူ့ ကို ပခုံးဆွဲထူ​ပေးလိုက်ပါဦး "

မုယွဲ့ ရှီး ရဲ့ မျက်နှာမှာ ပြာသွားကာ
​အေးစက်စွာ ငြင်းဆိုလာခဲ့သည် -
" ငါ သူ့ ကို မကယ်ခဲ့ဘူး "

တင်းယိ မှာ ဘာ​တွေဖြစ်​နေလဲ ဆိုတာ
နားမလည်​ချေ ။ မုယွဲ့ ရှီး ကို ကြည့်ရတာ
ကျန်းမို့ချန်း ကို ​ရှောင်ချင်​နေပုံရပြီး တင်းယိ
ကို ထွက်သွားကြရန်သာ အလျင်စလို တိုက်တွန်း
​နေ​တော့သည် ။

အားနည်းပြီး ဖျားနာလွယ်သည့်ဗီလိန်ကို ပျိုး​ထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||Where stories live. Discover now