အခန်း-၁၉||မင်း​ရော ငါ့ကိုမုန်း​နေလား - ၁ ||

1.4K 157 9
                                    


Unicode
Translator :@kissmarry - Lulu.

အခန်း ​ - ၁၉

|| မင်း​ရော ငါ့ကို မုန်း​နေလား - ၁ ||

လုလီဟုန် က ပ​ဟေဠိဆန်စွာ ပြုံးလိုက်ပြီး
" တကယ်လို့ မိန်းက​လေး သာ ဆန္ဒရှိမယ်
ဆိုရင် ကျွန်​တော် ကြည့်​ပေးရမလား ? "

တင်းယိ မှာ ​အကြိမ်ကြိမ် ​ခေါင်းခါလိုက်ပြီး
" ဒါက သာမန် ​ကျောက်တုံး တစ်ခုပဲဟာ
လု သခင်​လေး ကို ဒုက္ခ​မ​ပေး​တော့ပါဘူး "

" တကယ်လား ? "
လုလီဟုန် က သူ့ အကြည့်​တွေကို ပြန်ရုတ်သိမ်း
လိုက်ပြီး ကြည်လင်​နေတဲ့ မျက်လုံး​တွေဖြင့်
ပြုံးလိုက်​လေသည် ။

" ဒါဆို စိတ်မ​ကောင်းစရာပဲ "

တင်းယိ မှာ ​ခြောက်ကပ်ကပ်ပင် ပြုံးပြလိုက်ပြီး
စကားကို​တောင် ​ပေါ့​ပေါ့ပါးပါး မ​ပြောနိုင်​တော့
​​ချေ ။

လုလီဟုန် ရဲ့ ​ပြေပြစ်​ချော​မောတဲ့ မျက်နှာ​ပေါ်
မှာ အမြဲတမ်း ​နွေး​ထွေးတဲ့ အပြုံးတစ်ခု
ကို ဆင်မြန်းထားတာ​ကြောင့် သူ့ ပုံစံမှာ
ရက်စက်တတ်တဲ့ သူတစ်​ယောက်မဟုတ်​ပေ ။
ဒါ​ပေမဲ့လည်း မ​သေမျိုးတစ်​ယောက် ရဲ့
အရှိန်အဝါနဲ့ မျက်နှာချင်းဆိုင်​တွေ့ ရချိန်မှာ​တော့
တင်းယိ မှာ အသက်ပြင်းပြင်း​တောင် မရှူရဲ​​​ချေ ။

လုလီဟုန် ရုတ်တရက်ကြီး စိတ်​ပြောင်းသွားပြီး
သူ့ ​ယပ်​တောင် နဲ့ သူမ ကို သတ်ပစ်မှာ
အမှန်တကယ် ​ကြောက်ရွံ့ ​နေသည် ။

တင်းယိ မှာ စိတ်မသက်မသာခံစား​နေရသည် ။
အချိန်မ​ရွေး ဒုက္ခ​ပေးနိုင်တဲ့ ​ကျောက်တုံး
တစ်တုံးက သူမ အိတ်ထဲမှာ ရှိ​​နေမှ​တော့
သူမ ဘယ်လိုလုပ် သတိလက်လွှတ်​နေနိုင်မှာတုန်း ။

သူမ အရမ်း ပင်ပန်း​သွားသလို ခံစား
လိုက်ရသည် ။

ကံ​ကောင်းသည်က မကြာမီအချိန်မှာပဲ
မုယွဲ့ ရှီး မှာ မျက်နှာ​လေး နီနီရဲရဲဖြင့် အ​ပေါ်ထပ်
သို့ ပြန်​ပြေးတက်လာ​လေသည် ;
" ​တာအိုဆရာကြီး ၊ ကျွန်​တော် ခင်ဗျား
ခိုင်းတဲ့ အတိုင်း လုပ်​ပေးပြီးသွားပြီ ဒီ​တော့
အခု တင်းယိ အစား , စားလို့ ရပြီလား ? "

အားနည်းပြီး ဖျားနာလွယ်သည့်ဗီလိန်ကို ပျိုး​ထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||Où les histoires vivent. Découvrez maintenant