အခန်း - ၄၉
|| ငါ့ကို ကတိပေးလို့ရမလား - ၁ ||
မုယွဲ့ ရှီး က ထိုကောင်လေး ကို ကန်ထုတ်
ခဲ့သည်မှာ အမှန်ဖြစ်တာကြောင့် သူ ပေး
သည့် အကြောင်းပြချက်တွေက အဓိပ္ပါယ်
မရှိချေ ။ သတိမေ့နေသေးတဲ့ ကျန်း သခင်လေး
ကို ဆေးပို့ပေးရန် အတွက် တင်းယိ သူ့ ကို
ခိုင်းစေခဲ့တယ် ။မုယွဲ့ ရှီး ကတော့ လူသတ်ချင်တဲ့
အမူအရာဖြင့်သာ ထွက်သွားခဲ့သည် ။ဒါပေမဲ့လည်း ဒေါသအငွေ့အသက်တွေ
ပြည့်လျှံနေတဲ့ လေထုကြောင့် တင်းယိ မှာ
နောက်ဆုံးတွင် ထိုကိစ္စအား လျစ်လျူရှုရန်
သာ တတ်နိုင်ခဲ့သည် ။ဗီလိန် နဲ့ ဇာတ်လိုက် အကြား ငြိမ်းချမ်းရေး
ရအောင် ကြိုးစားနေရတဲ့ သူမ ရဲ့ ကြိုးစား
အားထုတ်မှုတွေက အလကား ဖြစ်သွားရ
လေသည် ။လက်ထဲမှာ ယပ်တောင်လေး ကိုင်ထားပြီး
တင်းယိ အနောက်မှာ တိတ်တိတ်လေးရပ်
နေသည့် မုယွဲ့ ရှီး က နူးညံ့သော်လည်း
စိတ်ငြီးငြူနေပုံရသည့် အသံလေးဖြင့် မေး
လာခဲ့သည် - " ငါတို့တွေ သူ့ ကို
ဘယ်လောက်ကြာကြာ စောင့်ရှောက်ပေး
ထားရမှာလဲ ? "" အနည်းဆုံးတော့ သူ သက်သာသွားတဲ့
အချိန်ထိဆို ပိုအဆင်ပြေလိမ့်မယ် "
တင်းယိ က အဲ့ဒီ့အကြောင်းကို အတိုချုံ့
စဥ်းစားလိုက်ပြီး ပြန်ဖြေလိုက်တယ် ။ဇာတ်လိုက်အစ်ကိုလေး အပြည့်အဝ
ပြန်လည် သက်သာဖို့အတွက် အချိန်အနည်းငယ်
တော့ ကြာလောက်တယ် ။အမှန်တော့ ထိုကောင်လေး မှာ ရှာဖွေခံနေ
ရပြီး မည်သည့်နေရာကိုမှ သွားစရာ မရှိ
တာကြောင့် ဇာတ်လိုက်လေး ကို လုံခြုံအောင် ဝှက်ထားပေးရန် သူမ လျှို့ ဝှက်စီစဥ်ထား
ခဲ့သည် ။ဂိုဏ်းအတူမဝင်ခင် အချိန်လေးမှာ သူတို့
နှစ်ယောက် မိတ်ဆွေဖွဲ့ရာမှာ ကူညီပေးရန်
အကောင်းဆုံး အခွင့်အရေးပင် ။သူတို့က , ကလေးလေးတွေ ဖြစ်နေတုန်းပင် ။
တစ်ယောက် နဲ့ တစ်ယောက် ဘယ်လောက်ပဲ
မုန်းနေပါစေ အချင်းချင်း တဖြည်းဖြည်း
ရင်းနှီးလာသည်နှင့် အမျှ မြန်မြန်ဆန်ဆန်ပင်
ကောင်းမွန်တည်ငြိမ်တဲ့ သူငယ်ချင်းတွေ ဖြစ်ကြ
လိမ့်မယ် ဆိုတာ အလွယ်လေးပဲဖြစ်သည် ။
YOU ARE READING
အားနည်းပြီး ဖျားနာလွယ်သည့်ဗီလိန်ကို ပျိုးထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||
RomanceTitle name : အားနည်းပြီး ဖျားနာသည့် ဗီလိန်ကို ပျိုးထောင်ရန်နည်းလမ်းများ { unicode x zawgyi } Web name : The Correct Way Of Feeding The Sick And Delicate Villain Author(s) : 类似瓜子 English Translator : Sleepytranslation ...