အခန်း - ၅၅|| ဒီကိုလာခဲ့ - ၃ ||

919 109 1
                                    

အခန်း - ၅၅

|| ဒီကိုလာခဲ့ - ၃ ||


တင်းယိ သတိရလာချိန်မှာတော့ အပြင်
ဘက်မှာ နေ ပွင့်နေလေပြီ ။

သူမ နေရာလွတ် ထဲမှာ အချိန်အများကြီး
မနေခဲ့သော်လည်း ဒီနေရာမှာတော့
တစ်ညတာ ကုန်လွန်သွားပြီးပြီပဲ ဖြစ်သည် ။


တင်းယိ,သူမ ၏ ခန္ဓာကိုယ်ကို လှုပ်ရှား
လိုက်ချိန်မှာတော့ စိတ်လှုပ်ရှားနေသည့်
ကျန်း သခင်လေး ကို နှိုးမိသလိုဖြစ်သွား
သည် : " အစ်မတင်း !
နောက်ဆုံးတော့ အစ်မ နိုးလာပြီပဲ !! "

ကျန်းမို့ချန်း ရဲ့မျက်နှာကို တွေ့လိုက်ရချိန်မှာ
တော့ တင်းယိ ၏ ယောင်ဝါးနေသည့်
စိတ်တွေမှာ ချက်ချင်းဆိုသလို လက်တွေ့ ဘဝ
သို့ ပြန်ရောက်လာကာ မေးတော့တယ် ။
" ယွဲ့ ရှီး ရော ? ယွဲ့ ရှီး အဆင်ပြေ
ရဲ့လား ? "


" သူ.... သူ အဆင်ပြေတယ် ထင်တာပဲ "


တင်းယိ အလျင်စလို ထရပ်လိုက်ပြီး
နောက်မှာတော့ အသားအရေ မှာ
စိမ်းဖန့်ဖန့် ဖြစ်နေပြီး အိမ်မက်ဆိုးတွေ
ကြောင့် မျက်ခုံးတွေကို နာကျင်စွာ တွန့်ချိုး
ကာ ကုတင်ပေါ်မှာ လှဲနေသည့် မုယွဲ့ ရှီး
ကို တွေ့ လိုက်ရလေသည် ။

သူမ မုယွဲ့ ရှီး အနားသို့ လျှောက်သွားကာ
သူ့ ရဲ့ နဖူးကို စမ်းကြည့်လိုက်တယ် ။
မနေ့ ကထက် ပိုပြီး သက်သာလာတာ
ကို တွေ့ လိုက်ရတော့မှ သူမ သက်ပြင်း
ချလိုက်မိတော့သည် ။

ကျန်းမို့ချန်း ကတော့ တခြားတစ်ဖက်
ကနေ တစ်ယောက် ကို တစ်ယောက်
ဘယ်လောက်တောင် မြတ်မြတ်နိုးနိုး
ဖြစ်နေကြသလဲဆိုတာကို မှုန်ကုပ်ကုပ်ဖြင့်
တိတ်တဆိတ် ရပ်ကြည့်နေလိုက်သည် ။

အဲ့ဒီ့နောက်မှာတော့ အခန်းထဲကနေ
တိတ်တိတ်လေးသာ ထွက်လာခဲ့သည် ။

တင်းယိ တစ်ယောက်တည်း ကျန်ခဲ့ချိန်မှာ
တော့ system က သူမ အား အရည်အသွေး
အသစ်ကို စိတ်ကျေနပ်မှု ရှိ ၊ မရှိ စစ်ဆေးချက်
တစ်ခု ပေးပို့လာလေသည် ။


ကြုံတွေ့ ခဲ့ရသည်ကို ပြန်သတိရမိချိန်မှာ
တော့ သူမ ပေါက်ကွဲပါတော့သည် ။
အဲ့ဒီ့နေရာက မူရင်း ဇာတ်လမ်းကမ္ဘာ
နဲ့ ဆက်သွယ်ထားတာကို နင် ဘာဖြစ်လို့
မပြောရတာလဲ ? ငါ့ မှာ လူသား မီးအိမ်
ဖြစ်လာဖို့ နည်းနည်းလေးပဲလိုတယ် !!
ဘယ်လိုတောင် ကြောက်စရာကောင်းတဲ့ အရည်အသွေးလဲ ? Zero point ပဲရ
မယ်, ကြောက်စရာကောင်းလိုက်တာ ! !


အားနည်းပြီး ဖျားနာလွယ်သည့်ဗီလိန်ကို ပျိုး​ထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||Opowieści tętniące życiem. Odkryj je teraz